မြန်မာ့အရေး ဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားသို့ သွားမည်

မြန်မာ့အရေး ဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားသို့ သွားမည်

ဒီဇင်ဘာ ၉

မြန်မာနိုင်ငံ အကျပ်အတည်း အပါအဝင် ဒေသတွင်း အခြေအနေများကို ဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရတ်ရှိုးလက်သည် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံသို့ ဒီဇင်ဘာ ၈ ရက်မှ ၁၃ ရက်နေ့အထိ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ 

၎င်း၏ခရီးစဉ် တလျှောက် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ တရားမဲ့ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး၊ လူသားချင်း စာနာထောက်ထားရေး အကူအညီများ လမ်းဖွင့်ပေးရန်နှင့် အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်လည်တက်လှမ်းရန်အတွက် မြန်မာစစ်တပ်အား ဖိအားပေးရန်၊ အမေရိကန်- အာဆီယံ
ပူးပေါင်းဆောင်ရွက်မှု အရေးကြီးသည် ဆိုသော အချက်ကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်သည်။ 

အတိုင်ပင်ခံ ရှိုးလက်၏ အဆိုပါခရီးစဉ်သည် ဒေသတွင်း တည်ငြိမ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် တောင်တရုတ်ပင်လယ် အရေးအတွက်ဖြစ်ကြောင်း သိရသည်။ 

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင် ခရီးစဉ်၌ ရှိုးလက်သည် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် အခြေအနေများကို ဆွေးနွေးရန်ရှိသည့်အပြင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ကမ္ဘောဒီးယား ပြည်သူများအတွက် အမေရိကန်၏ ထောက်ကူပြုမှုများကိုလည်း အားဖြည့်ရန်ရှိနေသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင်မူ အမေရိကန်-အင်ဒိုနီးရှား မဟာဗျူဟာ ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စကို အလေးထား ဆွေးနွေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required