ဟောင်ကောင်အလယ်တန်းကျောင်းများ၌ ၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသား ၄,၅၀ဝ နှင့် ဆရာ ၁,ဝဝဝ နီးပါး လျော့နည်းသွား

By Hong Kong FB
09 December 2021
ဟောင်ကောင်အလယ်တန်းကျောင်းများ၌ ၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသား ၄,၅၀ဝ နှင့် ဆရာ ၁,ဝဝဝ နီးပါး လျော့နည်းသွား

ဟောင်ကောင်အလယ်တန်းကျောင်းများသည် ၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသား ၄,၅၀ဝ နှင့် ဆရာ ၁,ဝဝဝ နီးပါး ဆုံးရှုံးခဲ့ရပြီး ကျောင်းတစ်ကျောင်းလျှင် ပျမ်းမျှ ကျောင်းသား ၃၂ ဦးနှင့် ဆရာ၇ ဦး ရှိရာ အများစုမှာ ပြည်ပသို့ ပြောင်းရွှေ့နေထိုင်ခြင်းဖြစ်သဖြင့် ဦးနှောက်ယိုစီးမှုဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြောင်း ကျောင်းအုပ်ဆရာကြီးများ၏ စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ 

၂၀၂၀-၂၁ ပညာသင်နှစ်တွင် ကျောင်းမှ နုတ်ထွက်သည့် ကျောင်းသားများ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ဟောင်ကောင်မှ ထွက်ခွာကြပြီး ပြောင်းရွှေ့နေထိုင်သည့် ဆရာအရေအတွက်သည် ၂၀၂၀ပြည့်နှစ်ကထက် ၇ ဆ တိုးလာကြောင်း ဟောင်ကောင် အလယ်တန်းကျောင်းများ၏ ကျောင်းအုပ်ကြီးများအသင်းနှင့် CUHK ရှိ နိုင်ငံတကာ ကျောင်းသား အကဲဖြတ်မှုအတွက် ဟောင်ကောင်စင်တာ၏ စစ်တမ်းအရ သိရသည်။

" ၂၀၂၀-၂၁ ပညာသင်နှစ်တွင် ကျောင်းများမှ ကျောင်းသား နုတ်ထွက်ခြင်းဆိုင်ရာ နှိုင်းယှဉ်ချက်များအရ အခြေအနေသည် ထင်ရှားသည်" ဟု အစီရင်ခံစာတွင် ဖော်ပြထားပြီး ကျောင်းသား ၄၄၆၀သည် အလယ်တန်း ကျောင်းများမှ နုတ်ထွက်ခဲ့ရာ ယမန်နှစ်ကထက် ၁ ဒသမ ၇ ဆ ပိုများကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။

၂၀၁၈-၂၀၁၉နှင့် ၂၀၁၉-၂၀၂၀ခုနှစ် ရလဒ်များကို နှိုင်းယှဉ်ကြည့်သောအခါတွင် ဆရာ၊ ဆရာမများ၏ အပြောင်းအလဲမှာ ၅၀ဝ မှ ၉၈၇ ခန့် သို့ တိုး လာသည်။

"ဆရာအပြောင်းအလဲနှင့် ဟောင်ကောင်မှထွက်ခွာသည့် ဆရာများသည် ယနေ့ ကျွန်ုပ်တို့ ကြုံတွေ့နေရသော ဦးနှောက်ယိုစီးမှုပြဿနာများကို ထင်ဟပ်စေသည်ဟု အစီရင်ခံစာက ဆိုသည်။

“ဒီကနေ့ ဟောင်ကောင်ကျောင်းသား အချို့ထွက်သွားတဲ့အတွက် အနာဂတ်မှာလည်း အလားတူ ပြဿနာတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အရည်အသွေးသည် အလွန်အရေးကြီးသော အရင်းအမြစ်တစ်ခုဖြစ်ပြီး ဦးနှောက်ယိုစီးမှုပြဿနာသည် ဟောင်ကောင်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးသက်ရောက် စေမည်ဖြစ်သည်။”

စစ်တမ်းသည် စက်တင်ဘာလမှ အောက်တိုဘာလအတွင်း အလယ်တန်းကျောင်းအုပ် ၁၄၀ ထံမှ ကောက်ယူထားသော မေးခွန်းလွှာများအပေါ် အခြေခံထားသည်။

ဖြေဆိုသူများသည် အနာဂတ်လမ်းကြောင်းများနှင့် ပတ်သက်၍ “အလွန်အကောင်းမြင်ကြသည် မဟုတ်ပေ” ။ ၂၀ ရာခိုင်နှုန်းအောက်က ယင်းကိစ္စသည် တည်ငြိမ်သွားလိမ့်မည်ဟု ယုံကြည်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly