တရုတ်ဖန်တာနိုင်းဆေးများ စီးဝင်းမှုက မူးယစ်ဆေးဝါး ပြဿနာကို လှုံ့ဆော်နေဟု အမေရိကန်လွှတ်တော် အမတ်ပြောကြား

By Fox News
09 December 2021
တရုတ်ဖန်တာနိုင်းဆေးများ စီးဝင်းမှုက မူးယစ်ဆေးဝါး ပြဿနာကို လှုံ့ဆော်နေဟု အမေရိကန်လွှတ်တော် အမတ်ပြောကြား

အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားကွန်ဂရက်လွှတ်တော်အမတ်တစ်ဦးက နိုင်ငံတောင်ပိုင်းနယ်စပ် အကျပ်အတည်းအတွင်း တရုတ်ဖန်တာနိုင်းဆေးများစီးဆင်းမှုသည် ပြည်နယ်တွင် မူးယစ်ဆေးဝါး ပြန့်ပွားမှုကို ပိုမိုဆိုးရွားစေသည်ဟု ပြောကြားခဲ့သည်။

ရီဘတ်ဘလစ်ကန်အမတ် ဂျွန်ဂျွိက်စ်သည် ဒီဇင်ဘာ ၂ ရက်က Fox News နှင့် ဖုန်းအင်တာဗျူးတစ်ခုတွင် တရုတ်နိုင်ငံမှထုတ်လုပ်သော မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး သတိပေးခဲ့သည်။

ခိုးဝင်ဖြတ်သန်းနိုင်သည့် တောင်ပိုင်းနယ်စပ်သည် အမေရိကတွင် မူးယစ်ဆေးဝါးပြဿနာကို ပိုမိုဆိုးရွားစေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများအတွက် ပြစ်ဒဏ်များ ပိုမိုတင်းကျပ်သင့်ကာ ၎င်းတို့ တာဝန်ခံခိုင်းသင့်သည်ဟု ဂျွိုက်စ်က ပြောသည်။

“သုံးစွဲသူတွေအတွက်မဟုတ်ဘဲ မူးယစ်ကုန်ကူးသူတွေကို တရားစွဲဖို့ မူးယစ်ဆေးဝါးပြစ်မှုတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ ကျွန်တော် နယ်စပ်ကို သွားလည်တော့ ဘိန်းဖြူ၊ ဖန်တာနိုင်းဆက်စပ်ပစ္စည်းတွေနဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေ အမြောက်အမြားတွေ့ဖူးပါတယ်။ ခရိုင်ရှေ့နေက သူတို့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ကျွန်တော့်ကို ပြခဲ့ကြတာပါ” ဟု ဂျွိုက်စ်က ပြောသည်။

တောင်ပိုင်းနယ်စပ်ကိုဖြတ်၍ အမေရိကန်သို့ ရောက်လာသော ဖန်တာနိုင်း ထုတ်လုပ်သူအဖြစ် ဘိန်းပြန့်ပွားမှုတွင် တရုတ်၏အခန်းကဏ္ဍကိုလည်း ဂျွိုက်စ်က သတိပေးခဲ့ပြီး တရုတ်အနေဖြင့် တာဝန်ယူရန် လိုအပ်ကြောင်း ပြောကြားသည်။

“တရုတ်နိုင်ငံဟာ ဒီအဆိပ်တောက်တွေကို တောင်ပိုင်းနယ်စပ်ကနေတဆင့် အမေရိကန်ပြည်ထောင်စုထဲကို သွင်းလာရာမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အဲဒီအတွက် တာဝန်ခံဖို့လိုအပ်ပါတယ်။ဒီကိစ္စအတွက် တရုတ်နိုင်ငံအနေနဲ့ တာဝန်ခံဖို့ လိုအပ်ပါတယ်။ သူတို့ဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေအဖြစ် ယာဉ်တွေကို အသုံးချနေကြတာပါ။ အမေရိကန်ထဲကို ဝင်ဖို့ ယာဉ်တွေကိုသုံးပြီး မူးယစ်ဆေးဝါးပြဿနာတွေကို ဖြစ်စေတာပါ” ဟု ဂျွိုက်စ်က ပြောကြားခဲ့သည်။

ပင်ဆယ်ဗေးနီးယား ရီပတ်ဘလီကန်အမတ်က မူးယစ်ဆေးဝါးပြန့်ပွားမှုသည် နယ်စပ်အကျပ်အတည်းကြားတွင် မလွဲမသွေ ပိုဆိုးလာမည်ဟု သတိပေးခဲ့ပြီး နယ်ခြားစောင့်တပ်အတွက် ရန်ပုံငွေနှင့် ပစ္စည်းကိရိယာများ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly