ကွန်မြူနစ်ပါတီ ၆ ကြိမ် ညီလာခံတွင် ယဉ်ကျေးမှုတော်လှန်ရေးသည် ကပ်ဆိုးကြီးတစ်ခုဟု ဆုံးဖြတ်

ကွန်မြူနစ်ပါတီ ၆ ကြိမ် ညီလာခံတွင် ယဉ်ကျေးမှုတော်လှန်ရေးသည် ကပ်ဆိုးကြီးတစ်ခုဟု ဆုံးဖြတ်

တရုတ်၏ ယဉ်ကျေးမှုတော်လှန်ရေးသည် မှားယွင်းကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ ၆အကြိမ် စုံညီအစည်းအဝေး၏ ဆုံးဖြတ်ခဲ့သည်ဟု အစီရင်ခံစာတစ်စောင်က ဆိုသည်။

ရှီကျင့်ဖျင်၏ အရေးပါသော ၁၀ စုနှစ်တစ်ခုသို့ ရောက်ရှိချိန်ဖြစ်ခြင်းကြောင့် မော်စီတုံး၊ တိန့်ရှောင်ဖိန်တို့နှင့် သမ္မတ ရှီကျင့်ဖျင် အဆင့်အတန်းကို တန်းတူထားခြင်းကို မျှော်လင့်မထားခဲ့ကြပေ။

ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရပြီး၊ ကွန်မြူနစ်ပါတီအတွင်း စည်းလုံးမှုမပြိုကွဲရန် လိုအပ် လာခြင်းကြောင့် ရှီသည် လာမည့်ဆယ်စုနှစ်တွင် ခက်ခက်ခဲခဲတာဝန်ထမ်းဆောင်ရနိုင်ကြောင်း Hongkong Post က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသမိုင်းကြောင်း၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည့် ယဉ်ကျေးမှုတော်လှန်ရေးကို ဝေဖန်ခြင်းသည် အရေးပါသည်ဟု ယူဆရသည်။

အစောပိုင်းတွင် ၂၀၂၁ခုနှစ် ၆ အကြိမ် စုံညီအစည်းအဝေးပြီးနောက် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ယခင်ကွန်မြူနစ်ပါတီဆုံးဖြတ်ချက်များသည် တရားဝင်ကာ ယဉ်ကျေးမှုတော်လှန်ရေးကို “ကပ်ဆိုးကြီး” အဖြစ်နှင့် “၁၀ နှစ်ကြာ မငြိမ်မသက်ဖြစ်မှု” အဖြစ် ဖော်ပြထားပြီး မော်စီတုန်းတွင် တာဝန်ရှိကြောင်း Hongkong Post ဖော်ပြခဲ့သည်။

ပါတီ၏ ပထမအကြိမ် ဆုံးဖြတ်ချက်ကို ၁၉၄၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ဒုတိယ အကြိမ်မှာ ၁၉၈၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့ကာ ယဉ်ကျေးမှုတော်လှန်ရေးကို တရားဝင် ငြင်းပယ်ခဲ့သည်။

တစ်ဖက်တွင်မူ ၁၉၇၈ ခုနှစ်တွင် တတိယအကြိမ် ညီလာခံက ယဉ်ကျေးမှုတော်လှန်ရေးကို တရားဝင် အဆုံးသတ်ခဲ့သည်။

စကားလုံး ၃၆,ဝဝဝ ပါရှိသော ဗဟိုကော်မတီ၏ ၆ ကြိမ် စုံညီအစည်းအဝေးတွင် ချမှတ်ခဲ့သည့် စာတမ်း တွင် ပါတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သည့် ရှီကို ချီးကျူးထားပြီး၊ ၎င်းသည် အဓိက အယူဝါဒရေးရာ အောင်မြင်မှုနှင့် တရုတ်နိုင်ငံပြည်လည် အင်အားကြီးမားလာခြင်းနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာခြင်း အောင်မြင်မှုရရှိရန် ဦးဆောင်လမ်းပြပေးမည့် ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly