တရုတ်မြောက်ပိုင်း ဟူပေ့ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄ ဦး တွေ့ရှိ

တရုတ်မြောက်ပိုင်း ဟူပေ့ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄ ဦး တွေ့ရှိ

တရုတ်ပြည်မြောက်ပိုင်း ဟူပေ့ပြည်နယ်၏ မြို့တော် ရှစ်ကျားကျွမ်း၊ လူချွမ်းခရိုင်တွင် ကိုဗစ်-၁၉ ပြည်တွင်း ကူးစက်ခံရသူ ၄ ဦးကို ဒီဇင်ဘာ ၃ရက်တွင် တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

၄ ဦးစလုံးသည် လူချွမ်းခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရှိ အဆောင်တစ်ခုတွင် နေထိုင်ကြသူ များဖြစ်ပြီး nucleic acid စမ်းသပ်ပြီးနောက် ကူးစက်ခံရကြောင်းတွေ့ရှိခဲ့ရသည်။

ယင်း၄ ဦးကို နောက်ပိုင်းတွင် ကိုဗစ် -၁၉ ရောဂါဖြစ်ပွားကြောင်း အတည်ပြုခဲ့သည်ဟု ခရိုင်ကူးစက်ရောဂါ တိုက်ဖျက်ရေးရုံးချုပ်မှ ပြောကြားခဲ့သည်။

Nucleic acid စမ်းသပ်ခြင်းကို လုပ်ဆောင်ခဲ့ပြီး ကနဦးဖော်ထုတ်ထားသည့် ထိတွေ့ခဲ့သူများနှင့် ထပ်ဆင့် ထိတွေ့ခဲ့သူများကို သီးသန့်ခွဲထားခဲ့ကာ အမျိုးမျိုးသော တားဆီးထိန်းချုပ်ရေး အစီအမံများကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly