တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ရေပိုင်နက်အတွင်း ရေနံဆက်မတူးရန် တောင်းဆိုနေကြောင်း အင်ဒိုနီးရှားလွှတ်တော်အမတ် ပြောကြား

By RFA
09 December 2021
တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ရေပိုင်နက်အတွင်း ရေနံဆက်မတူးရန် တောင်းဆိုနေကြောင်း အင်ဒိုနီးရှားလွှတ်တော်အမတ် ပြောကြား

တောင်တရုတ်ပင်လယ်တွင် သမိုင်းဝင်အခွင့်အရေး တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်က တောင်းဆိုနေသည့် ရေပိုင်နက်အတွင်း လွန်ခဲ့သည့် ၂ လခန့်က မကြုံစဖူး သံတမန်ရေးဆိုင်ရာ မှတ်ချက်တစ်ခုတွင် အင်ဒိုနီးရှားမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်မှုကို ရပ်တန့်ရန် တရုတ်က တောင်းဆိုခဲ့သည်ဟု အင်ဒိုနီးရှားလွှတ်တော် အမတ်တစ်ဦးက ဒီဇင်ဘာ ၁ရက်တွင် ပြောကြားခဲ့သည်။

သံတမန်ရေးရာ သီးခြားကြေညာချက်တစ်ခုတွင် သြဂုတ်လအတွင်း ကျင်းပခဲ့သည့် တရုတ်-အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တရုတ်က ကန့်ကွက်ခဲ့ကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ကော်မတီအဖွဲ့ဝင် မိုဟာမက် ဖာဟန်က ပြောကြားခဲ့သည်။

“တောင်တရုတ်ပင်လယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြောက်နာတူနာပင်လယ်မှာ ကမ်းလွန်ရေနံ တူးဖော်မှုနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်သဘောထားကို ဒီစာထဲမှာ ဖော်ပြထားပါတယ်” ဟု အငြင်းပွားနေသော ရေပိုင်နက်အတွက် အင်ဒိုနီးရှားက ပေးထားသည့် အမည်ကို ဖော်ပြ၍ RFA နှင့်ဆက်စပ်နေသည့် အွန်လိုင်း သတင်းဝန်ဆောင်မှုတစ်ခုဖြစ်သည့် BenarNewsသို့ ဖာဟန်က ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း နေရာ အများစုအတွက် တရုတ်က တရားဝင်မြေပုံများပေါ်တွင် ၎င်း၏ နယ်မြေပိုင်နက်ကို သတ်မှတ်ထားသည်။

ယင်းတောင်းဆိုမှုကြောင့် အိမ်နီးချင်းနိုင်ငံအများအပြားနှင့် အငြင်းပွားမှုဖြစ်ပွားနေသည်။

အခြားနိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်တွင် အဏ္ဏဝါသုတေသန အတွက် အစိုးရများသည် ကြိုတင်ခွင့်ပြုချက် ရယူရန် လိုအပ်သည့် UNCLOS အရ ယင်းတို့ကို အသိအမှတ်မပြုထားပေ။ တရုတ်က ကြိုတင်ခွင့်ပြုချက် ယူရမည်ကို မကြာခဏ လျစ်လျူရှုထားသည်။

တရုတ်က ယင်းဒေသအတွက် 'သမိုင်းဝင်အခွင့်အရေး' ရှိကြောင်း ပြောကြားထားပြီး ယင်းအချက်ကို နိုင်ငံတကာဥပဒေက မထောက်ခံပေ။

တရုတ်၏ ကန့်ကွက်မှုကြောင့် မဟာဗျူဟာမြောက်ရေပြင်အနီးနားတွင် သြစတြေးလျ၊ ရုရှားနှင့် အမေရိကန်တို့ အပါအဝင် အခြားအင်အားကြီးနိုင်ငံများနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ပိုမိုပူးပေါင်းစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် တွန်းအားပေးနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly