ပိုလန်နှင့် နယူးဇီလန်က ထိုင်ဝမ်သို့ ကိုယ်စားလှယ်အသစ်များ စေလွှတ်

ပိုလန်နှင့် နယူးဇီလန်က ထိုင်ဝမ်သို့ ကိုယ်စားလှယ်အသစ်များ စေလွှတ်

ဂျပန်နိုင်ငံဆိုင်ရာ ပိုလန်သံအမတ်ဟောင်း ကိုဇက်ဇီစကီးက ထိုင်ဝမ်ဆိုင်ရာ ထိပ်တန်း သံတမန်သစ် အဖြစ် တရားဝင်တာဝန်ယူလိုက်ပြီဖြစ်ကြောင်း တိုင်ပေမြို့ရှိ ပိုလန်ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာ ၁ရက်တွင် ပြောကြားခဲ့သည်။

ကိုဇက်ဇီစကီးက သံတမန်အတွေ့အကြုံ ၂၅နှစ်ကျော်ရှိသည့် ဝါရင့်သံတမန်တစ်ဦးဖြစ်ပြီး ထိုင်ဝမ်သို့ မလာ ရောက်မီ ပိုလန်နိုင်ငံခြားရေးဌာန၏ နိုင်ငံရေးဒါရိုက်တာအဖြစ် မကြာသေးမီက တာဝန်ထမ်းဆောင်ခဲ့ကြောင်း တိုင်ပေရှိ ပိုလန်ရုံးက ဆိုသည်။

ဆိုးလ်မြို့ရှိ ပိုလန်သံရုံးတွင် သံတမန်ရေးရာ ရာထူးများနှင့် ဘရပ်ဆဲလ်ရှိ ပိုလန်နိုင်ငံဆိုင်ရာ နေတိုးအတွက် အမြဲတမ်း ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ရုံးက ပြောကြားပြီး ယင်းရုံးသည် သံတမန် ဆက်ဆံရေးမရှိချိန်တွင် ထိုင်ဝမ်ရှိ ပိုလန်အကျိုးစီးပွားကို ကိုယ်စားပြုသည့်ရုံးဖြစ်သည်။

၂၀၁၂ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ကိုဇက်ဇီစကီးသည် ဂျပန်နိုင်ငံဆိုင်ရာ ပိုလန်သံအမတ်ကြီးအဖြစ် တာဝန်ယူ ခဲ့သလို နေတိုးအဖွဲ့အတွက် တရားဝင်ဆက်ဆံရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း အဆိုပါရုံးမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ နယူးဇီလန် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းရုံးမှ မတ်ခ်ပီရာဆန်ကိုလည်း ဒါရိုက်တာ အသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း နိုဝင်ဘာ ၃၀ရက်က ကြေညာခဲ့သည်။

မတ်ခ်ပီရာဆန်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ရာထူးကို တရားဝင်လက်ခံရယူမည်ဖြစ်ကြောင်း ထိုင်ဝမ်ဆိုင်ရာ အလွတ်သဘော သံရုံးအဖြစ်ဆောင်ရွက်မည့် နယူးဇီလန်ရုံးမှ ပြောကြားခဲ့သည်။

မတ်ခ်ပီရာဆန်သည် ၁၉၈၈ ခုနှစ်တွင် နယူးဇီလန်နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသို့ ဝင်ရောက်ခဲ့ပြီး တိုကျိုနှင့် ဆိုးလ်ရှိ နယူးဇီလန်သံရုံးများတွင် သံတမန်ရေးရာအဖွဲ့၏ လက်ထောက်အကြီးအကဲအပါအဝင် တာဝန်များစွာထမ်းဆောင်ခဲ့ကြောင်း အဆိုပါရုံးမှ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly