လမ်းမတော်မြို့နယ်တွင် NLD ပါတီဝင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

လမ်းမတော်မြို့နယ်တွင် NLD ပါတီဝင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် (၉) ရက်ကွက် ဇော်ဂျီလမ်းနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဒေါ်ခင်မျိုးသည် ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၅ နာရီခန့်တွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"မနက်က သူဆန်ဆိုင် ဖွင့်နေတဲ့ အချိန်မှာ ပစ်ခံရတာ။ ကားနဲ့လာပြီး ပစ်သွားတာ။ နောက်တစ်ယောက်လည်း ထိတယ်။ ပလာတာဆိုင်က လူကတော့ ခြေထောက်ကိုပဲ ထိသွားတာ။ မခင်နေမျိုးက နေရာတင် ပွဲချင်းပြီး သေသွားတယ်။ စစ်တပ်ဘက်က လုပ်တာပဲနေမှာ "ဟု ဒေသခံ တစ်ဦးက ပြောသည်။
ပစ်ခတ်မှုကြောင့် ဒေါ်ခင်မျိုး၏ လည်ပင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာများ ရရှိခဲ့ပြီး နေရာ၌ပင် သေဆုံးသွားခဲ့သည်။ ဒေါ်ခင်မျိုးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ၏ အမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required