တရုတ်ပြည်မကြီးတွင် ကိုဗစ်-၁၉ ပြည်တွင်း ကူးစက်ခံရမှု ၇၅ ဦး တွေ့ရှိ

တရုတ်ပြည်မကြီးတွင် ကိုဗစ်-၁၉ ပြည်တွင်း ကူးစက်ခံရမှု ၇၅ ဦး တွေ့ရှိ

တရုတ်ပြည်မကြီးတွင် ဒီဇင်ဘာ ၃ ရက်က ကိုဗစ်-၁၉ ပြည်တွင်းကူးစက်ခံရသူ ၇၅ ဦး တွေ့ရှိရကြောင်း နိုင်ငံတော် ကျန်းမာရေးကော်မရှင်က ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါ တွေ့ရှိမှုများတွင် ၆၁ ဦးသည် အတွင်းမွန်ဂိုလီးယား၊ ၅ ဦးသည် ဟေလုန်ကျန်း၊ ဟေဘေးနှင့် ယူနန်တွင် ၄ ဦးစီနှင့် ၁ ဦးသည် ဂွမ်ဒေါင်းပြည်နယ်မှ အသီးသီး ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ပြည်နယ်အဆင့် ဒေသ ၄ ခုတွင် ပြည်ပမှ ဝင်ရောက်လာသူများအနက် ကူးစက်ခံထားရသူ ၁၅ ဦး တွေ့ရှိကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်အသစ်ဖြစ်သည့် SARS-CoV-2 (B.1.1.529 ခေါ် Omicron) ကို စိုးရိမ်စရာကောင်းသည့် မျိုးစိတ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly