ယူဂန်ဒါကဲ့သို့ သီရိလင်္ကာလည်း တရုတ်ကြွေးမြီထောင်ချောက်နှင့် ရင်ဆိုင်နေရ

By Asian Lite
08 December 2021
ယူဂန်ဒါကဲ့သို့ သီရိလင်္ကာလည်း တရုတ်ကြွေးမြီထောင်ချောက်နှင့် ရင်ဆိုင်နေရ

သီရိလင်္ကာသည် ကျွန်စခန်းတစ်ခုကဲ့သို့ လုပ်ဆောင်နေရပြီး အခြားနိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေး ရည်မှန်းချက်များ အောင်မြင်စေရန် လုပ်ဆောင်ပေးနေရကြောင်း သီရိလင်္ကာ တပ်မှူးဟောင်းတစ်ဦးက စွပ်စွဲကာ အဆိုပါ အခြေအနေများသည် သီရိလင်္ကာ၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို ဆုံးရှုံးစေခဲ့ကြောင်း Asian Lite News မှ ဖော်ပြသည်။

သီရိလင်္ကာ၏ တပ်မှူးဟောင်းနှင့် သမ္မတလောင်းဖြစ်သူ ဆာရက် ဖွန်စီကာက တရုတ်နိုင်ငံ၏ ကြွေးမြီထောင် ချောက်ထဲအတွင်းသို့ သက်ဆင်းနေသော သီရိလင်္ကာသည် တစ်ခုတည်းသော နိုင်ငံတကာလေဆိပ်ကို စွန့်လွှတ်လိုက်ရသည့် ယူဂန်ဒါကဲ့သို့ အဆုံးသတ်သွားနို်ငသည်ဟု သတိပေးထားသည်။

သီရိလင်္ကာ၏ နှစ် ၃၀ ကြာ တမီးလ်လွတ်မြောက်ရေးကျားသူပုန်များနှင့် ဖြစ်ပွားခဲ့သည့် ပြည်တွင်း စစ်တွင် ၂၀ဝ၉ ခုနှစ်တွင် အောင်နိုင်စေရန် ဦးဆောင်ခဲ့သူ ဖွန်စီကာက “ယူဂန်ဒါနိုင်ငံကို ဖျက်ဆီးခဲ့သော တရုတ်ကြွေးမြီထောင်ချောက်ထဲတွင် သီရိလင်္ကာသည် နစ်မြုပ်နေသည်” ဟု ခေါင်းစဉ်တပ်ထားသည့် ဖေ့စ်ဘွတ်ခ်ပို့စ်တွင် ရေးသားခဲ့ပါသည်။

ယူဂန်ဒါလေဆိပ်နှင့် သီရိလင်္ကာတောင်ပိုင်း ဟမ်ဘန်တိုတာတွင် တရုတ်ရန်ပုံငွေဖြင့် တည်ဆောက်ထားသော လေဆိပ်သစ်တို့ကို ယှဉ်ပြကာ တိုင်းပြည်၏ နိုင်ငံခြားသံတမန်ဆက်ဆံရေးကို ကျော်လွန်ပြီး သီရိလင်္ကာသည် ကျွန်စခန်းတစ်ခုကဲ့သို့ လုပ်ဆောင်နေရပြီး အခြားနိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေးရည်မှန်းချက်များ အောင်မြင်စေရန် လုပ်ဆောင်နေရကြောင်းနှင့် သီရိလင်္ကာ၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို ဆုံးရှုံးစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ရာဂျာပက်ဆာအစိုးရလက်ထက်မှာ ဖြစ်ပျက်ခဲ့သလိုပဲ ယူဂန်ဒါနိုင်ငံရဲ့ အကျင့်ပျက် နိုင်ငံရေး ခေါင်းဆောင် တွေက အမျိုးသားရေးအစီအစဉ်နဲ့ ဦးစားပေးတွေကို လျစ်လျူရှုပြီး မြင့်မားတဲ့ အတိုးနှုန်းတွေနဲ့ရတဲ့ စီးပွားဖြစ်ချေးငွေတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး ဝန်ဆောင်ခယူနေကြပါတယ်" ဟု ဗိုလ်ချုပ်ကြီး ဖွန်စီကာက စွပ်စွဲခဲ့သည်။

“ကိုလံဘိုဆိပ်ကမ်းကို တိုးတက်အောင်လုပ်ရမဲ့အစား အရေးမကြီးတဲ့ ဟမ်ဘန်တိုတာဆိပ်ကမ်းကို တည်ဆောက်ပြီး အခု ဒီဆိပ်ကမ်းကို တရုတ်က ပိုင်ဆိုင်ပြီး အိန္ဒိယသမုဒ္ဒရာရဲ့ အလယ်ဗဟိုမှာ ရေတပ်စင်္ကြံအဖြစ် အသုံးပြုနေပါတယ်” ဟု စစ်ခေါင်းဆောင်ဟောင်းက ပြောကြားခဲ့သည်။

“ဟမ်ဘန်တိုတာဆိပ်ကမ်းကို အိန္ဒိယ၊ အမေရိကန်နဲ့ အခြား Quad အဖွဲ့ဝင်နိုင်ငံတွေက တရုတ်ရေတပ် အခြေ စိုက်စခန်းအဖြစ် ရှု့မြင်နေပါတယ်။ ဒါဟာ သီရိလင်္ကာ လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပါ။ လာမယ့် လပေါင်း ၆၀ ကနေ ၈၀ အတွင်း ဒေသတွင်း အာဏာလွန်ဆွဲပွဲအတွင်း ဒီမိုက်မဲတဲ့ ဆုံးဖြတ်ချက်တွေရဲ့ ရလဒ်ကို ကျွန်ုပ်တို့ မြင်တွေ့ရပါလိမ့်မယ်”

" တရုတ်သံအမတ်ကြီးသည် အညစ်အကြေး(ဓာတ်မြေသြဇာ)သင်္ဘာအတွက် အရူးတစ်ယောက် ကဲ့သို့ တုန့်ပြန်နေကြောင်း ပြောကြားခဲ့သည့် အတိုက်အခံအမတ် ဖွန်စီကာက ကြုံတွေ့လာရမည့်အခြေအနေသည် အလွန်ရှင်းလင်းပြီး အနာဂတ်တွင် ယင်းအခြေအနေကို ပြုပြင်ရမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly