အိန္ဒိယက နိုင်ငံအရှေ့ပိုင်း နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက် အစ္စရေးမှ ဝယ်ယူထားသည့် ဒရုန်းများကို ချထား

By The Tribune
06 December 2021
အိန္ဒိယက နိုင်ငံအရှေ့ပိုင်း နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက် အစ္စရေးမှ ဝယ်ယူထားသည့် ဒရုန်းများကို ချထား

ဂြိုဟ်တုမှတစ်ဆင့် မြေပြင်မှ ထိန်းချုပ်နိုင်သည့် ထောက်လှမ်းရေးဒရုန်းအမျိုးအစားအသစ်များကို အိန္ဒိယစစ်တပ်က နိုင်ငံအရှေ့ပိုင်း လာဒက်ခ်ဒေသ နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တွင် ချထားလိုက်သည်။

အဆိုပါ ဒရုန်းများသည် အစ္စရေးနိုင်ငံမှ ဝယ်ယူထာသည့် Heron အမျိုးအစား အဆင့်မြင့် ဒရုန်းများ ဖြစ်သည်။ ယမန်နှစ်ကလည်း အိန္ဒိယရေတပ်သည် အမေရိကန်မှ စွမ်းဆောင်ရည်အားကောင်းသော Predator ဒရုန်းများကို ငှားရမ်းကာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချခဲ့သည်။

ယခင်အသုံးပြုခဲ့သော Heron ဒရုန်းများသည် ဂြိုဟ်တုမှ ဆက်သွယ်နိုင်ခြင်းမရှိဘဲ လူကိုယ်တိုင် ဒရုန်းကိုချိန်၍သာ အသုံးပြုနိုင်သောကြောင့် တောင်ထူထပ်သည့် လာဒက်ခ်ဒေသတွင် အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ပြီး အမြင့်ပေ ၂၈၀၀၀ အထိသာ ပျံသန်းနိုင်သလို မြင်ကွင်းအကွာအဝေး ကန့်သတ်ချက်မှာလည်း ၇-၈ ကီလိုမီတာခန့်သာ ထိရောက်မှုရှိသလို ဆောင်းရာသီတွင် အသုံးပြုနိုင်ခြင်း မရှိပေ။

အိန္ဒိယစစ်တပ်က အဆိုပါဒရုန်းကို ၂ စင်းပြိုင်တူ အသုံးပြုရပြီး ၁စင်းသည် ထောက်လှမ်းရေး လုပ်ဆောင်နေစဉ် အခြား ၁ စင်းက မြေပြင်မှ ထိန်းချုပ်သူထံ အချက်အလက်များကို ပေးပို့ရသည်။ ယခုအသုံးပြုမည့် ဂြိုဟ်တု ဆက်သွယ်မှုစနစ် ဒရုန်းများသည် ယင်းပြဿနာကို ကျေ်လွှားနိုင်မည်ဖြစ်သည်။ ရာသီအားလုံး အသုံးပြုနိုင်ကာ အမြင့်ပေ ၄၅၀၀၀ အထိ ပျံသန်းနိုင်မည်ဖြစ်သည်။ လုပ်ဆောင်ချက်များတွင်လည်း အချက်အလက်များကို စုဆောင်းခြင်း၊ ထောက်လှမ်းခြင်း၊ ပစ်မှတ်ကို သတ်မှတ်ခြင်းနှင့် ရန်သူတို့၏ သတင်းများကို ရယူခြင်းတို့ ပါဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly