ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယား၌ စစ်တပ်၏ ရက်စက်မှုများနှင့်ပတ်သက်ပြီး POK ခေါင်းဆောင် ထုတ်ဖော်ပြောကြား

By Latestly
06 December 2021
ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယား၌ စစ်တပ်၏ ရက်စက်မှုများနှင့်ပတ်သက်ပြီး POK ခေါင်းဆောင် ထုတ်ဖော်ပြောကြား

ပါကစ္စတန် သိမ်းပိုက်ထိန်းချုပ်သည့် ကက်ရှ်မီးယား (PoK) အနေဖြင့် စစ်တပ်၊ ထောက်လှမ်းရေးအသိုင်းအဝိုင်းတို့၏ ချုပ်ကိုင်မှုအောက်ကနေ လွတ်မြောက်ရလိမ့်မည် ဖြစ်ကြောင်း ကက်ရှ်မီးယားခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်သည်။ ထို့ပြင် ပါကစ္စတန်အာဏာပိုင်တို့ ကျူးလွန်ထားခဲ့သော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကိုလည်း ၎င်းက မီးမောင်းထိုးပြသခဲ့သည်။

ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယားရှိ ပြည်သူများအနေဖြင့် အာဏာဆိုသော အသုံးအနှုန်းဝေါဟာရကို နားလည်သည့် ပါကစ္စတန် စစ်တပ်၊ ထောက်လှမ်းရေးအသိုင်းအဝိုင်း၊ ၎င်းတို့နှင့် ဆက်နွယ်ပတ်သက်သူတို့နှင့်အကြား ဆက်ဆံရန် ပိုမိုကောင်းမွန်သည့် နည်းလမ်းများ လိုသည်ဟု JKNIA (ဂျမူး ကက်ရှ်မီးယား အမျိုးသားလွတ်လပ်ရေး မဟာမိတ်) ၏ ခေါင်းဆောင် မာမွတ် ကက်ရှ်မီရီက ယူကျူ့ပေ့ချ်တစ်ခုတွင် တင်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယားရှိ ပြည်သူများသည် ဒေသ၌ ပါကစ္စတန်စစ်တပ် လွန်ကဲစွာ ရှိနေမှုကြောင့် ဖိစီးမှုများ ဖြစ်နေခဲ့သည်ဟု မာမွတ် ကက်ရှ်မီရီက ပြောသည်။

"PoK ဒေသမှာ ပါကစ္စတန်စစ်တပ်က လိုတာထက်ပိုပြီး လွန်ကဲစွာ ရှိနေတာက ဒီဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ ပုံမှန်ဘဝတွေအပေါ် သက်ရောက်ထိခိုက်စေလျက် ရှိပါတယ်" ဟု ၎င်းက ပြောသည်။

"PoK ဒေသမှာ ပါကစ္စတန်ဘက်က အပြစ်မဲ့အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်ထားတယ်ဆိုတာ သေချာသလောက်ဖြစ်ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

PoK ဒေသတွင် ပါကစ္စတန်စစ်တပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မကြာခဏ ကျူးလွန်နေသလို အရပ်သားပြည်သူများ၏ အသက်အိုးအိမ်ဘဝများကို အလေးထားမှု မရှိဟု JKNIA ခေါင်းဆောင်က စွပ်စွဲပြောကြားသည်။

"ပါကစ္စတန် သိမ်းပိုက်ထားတဲ့ ကက်ရှ်မီးယားနဲ့ ဂီဂစ်- ဘာလူစစ္စတန်တို့မှာ ရုန်းရင့်ကြမ်းတမ်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေပါတယ်၊ ဒေသခံတွေဟာ သူတို့ရဲ့ အမြင်သဘောထားတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်စွမ်း မရှိကြပါဘူး" ဟု ၎င်းက ပြောသည်။

"ပါကစ္စတန်ဟာ အဲဒီလိုမျိုး လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ နိုင်ငံတကာ ပလက်ဖောင်းတွေမှာ ကိုယ်ပိုင် အစီအစဥ်နဲ့ ဝါဒဖြန့်နေပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly