လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူက အမေရိကန်ရှိ နာမကျန်းဖြစ်နေသောဇနီးဆီ သွားတွေ့ရန် တရုတ်အာဏာပိုင်များထံ တောင်းဆို

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူက အမေရိကန်ရှိ နာမကျန်းဖြစ်နေသောဇနီးဆီ သွားတွေ့ရန် တရုတ်အာဏာပိုင်များထံ တောင်းဆို

တရုတ်နိုင်ငံမှ ထင်ရှားသော အခွင့်အရေးလှုပ်ရှားသူတစ်ဦးက အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသော ကင်ဆာရောဂါနောက်ဆုံးအဆင့်ခံစားနေရသည့်ဇနီးဆီ သွားရောက်ကြည့်ရှုခွင့်ပြုရန် အာဏာပိုင်များအား တောင်းဆိုထားသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဂွမ်ဖေ့ရှောင်က အယူခံဝင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဇနီးသည် ၂၀၀၉ ခုနှစ်တွင် သားသမီးများနှင့်အတူ အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့သည်။

" ပြည်ပကိုသွားဖို့ ကျွန်တော့်ရဲ့ ဒုတိယအကြိမ်လျှောက်ထားချက်ကို အကြောင်းအမျိုးမျိုးကြောင့် ဝန်ကြီးဌာနက နောက်ဆုံး ခွင့်ပြုချက်မပေးသေးပါဘူး" ဟု တက်ကြွလှုပ်ရှားသူ ဂွမ်က တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်ထံ စာတစ်စောင်ဖြင့် ပြောကြားခဲ့သည်။

နောက်ဆုံးအချိန်သို့ ရောက်နေပြီဖြစ်သဖြင့် စိုးရိမ်နေသော ဇနီးသည်က "မြန်မြန်လာပါ" ဟု ခင်ပွန်းဆီ တောင်းဆိုပြီးနောက် ဂွမ်က အသနားခံစာ ပေးပို့လာခြင်းဖြစ်သည်။

ဇနီးဖြစ်သူ ကျန်းသည် တရုတ်အာဏာပိုင်များ၏ နှိမ်နင်းမှုမှ လွတ်မြောက်ရန် ၂၀၀၆ ခုနှစ်က အမေရိကန်သို့ ထွက်ပြေးခဲ့သည်။

ဂွမ်က အမေရိကန်ရှိ ဇနီးဆီ သွားရောက်ခွင့်လျှောက်ထားချက်ကို ဒေသခံရဲများကမဟုတ်ဘဲ ပေကျင်းရှိ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကိုင်တွယ်ကြောင်း ၎င်း၏မွေးရပ်မြေ ကွမ်ကျိုးမှ ရဲများက အသိပေးသည်။

ဂွမ်သည် ဆင်ဆာဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်းကြောင့် တရုတ်နိုင်ငံမှ ခရီးသွားခွင့် တားမြစ်ခံထားရသည်။

ဂွမ်အား ကွမ်ကျိုးပြည်သူ့တရားရုံးမှ ၂၀၁၄ ခုနှစ်တွင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ကြောင်း RFA သတင်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly