အစိုးရက ဈေးနှုန်းထိန်းညှိမှု ပိုမိုလုပ်ဆောင်ရန် အချက်ပြပြီးနောက် တရုတ်၏ ကျောက်မီးသွေးဈေးများ ထိုးကျ

အစိုးရက ဈေးနှုန်းထိန်းညှိမှု ပိုမိုလုပ်ဆောင်ရန် အချက်ပြပြီးနောက် တရုတ်၏ ကျောက်မီးသွေးဈေးများ ထိုးကျ

နိုင်ငံတော် စီးပွားရေး စီမံကိန်းရေးဆွဲသူများက ဓာတ်အားထုတ်ရာတွင် လေထုညစ်ညမ်းစေသော လောင်စာဆီ၏ ဈေးနှုန်းများကို စည်းမျဉ်များ ထပ်မံတင်း ကျပ်ပြီးနောက် တရုတ်၏ ကျောက်မီးသွေးဈေးနှုန်းများသည့် နိုဝင်ဘာ ၂၉ရက်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ဇန်နဝါရီလအတွင်း ပေးပို့မည့်ကျောက်မီးသွေးများအတွက် ထင်ရှားသည့် ကျန်းကျိုးကျောက်မီး သွေးကုန်စည်ဒိုင်တွင် အနာဂတ် ရောင်းချမှုဈေးနှုန်းများသည် တစ်တန်လျှင် ၈၁၉ ဒသမ ၆ယွမ် (ဒေါ်လာ ၁၂၈ ဒသမ ၃၁) ဖြစ်သည်။

မိုးထိုးတက်နေသောဈေးနှုန်းများကို ထိန်းညှိရန် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုများကြောင့် အောက်တိုဘာလ လယ်တွင် တစ်တန်လျှင် အမြင့်ဆုံးဈေး ၁,၉၈၂ ယွမ်မှ ၅၈ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ရသည်။

အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) က ကျောက်မီးသွေး ဈေးနှုန်း ယန္တရား မြှင့်တင်ရေး အကြံဉာဏ်များ ရယူရန်အတွက် အဓိက ကျောက်မီးသွေးထုတ်လုပ်သည့်ကုမ္ပဏီများကို ခေါ်ယူထားကြောင်း နိုဝင်ဘာ ၂၉ရက်တွင် ပြောကြားခဲ့သည်။

“မကြာသေးမီက ပုံမှန်မဟုတ်တဲ့ ကျောက်မီးသွေး ဈေးနှုန်းတွေ မြင့်တက်ပြီးနောက် ကျောက်မီးသွေးဈေး ယန္တရားကို မြှင့်တင်ဖို့ အချိန်တန်ပါပြီ” ဟု NDRC မှ ထုတ်ပြန်ချက်တွင် ပြောကြားထားပြီး ဈေးကွက်တွင် ပါဝင်သူအားလုံး ကျိုးကြောင်းဆီလျော်သော ကျောက်မီးသွေး ဈေးနှုန်းဖြစ်စေရေးနှင့်ပတ်သက်ပြီး သဘောတူ ညီမှု ရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် ဈေးနှုန်းအဆင့် အသေးစိတ်ကို ထုတ်ဖော်ခြင်း မရှိသေးပေ။

ကျောက်မီးသွေးဈေး လျာထားချက်သတ်မှတ်ရန် ရည်ရွယ်ချက်ဖြင့် အောက်တိုဘာလ နှောင်းပိုင်းမှ စတင်ကာ ကျောက်မီးသွေးထုတ်လုပ်သည့်ကုမ္ပဏီများ၊ ဖြန့်ဖြူးရောင်းချသူများ၊ လျှပ်စစ်ကုမ္ပဏီများနှင့် ဥပဒေရေးရာ ကျွမ်းကျင်သူများနှင့် ကြိမ်ဖန်များစွာ တွေ့ဆုံမှုများကို NDRC က ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံတစ်ဝန်းလုံးရှိ ဓာတ်အားပေးစက်ရုံများတွင် ကျောက်မီးသွေး သိုလှောင်မှုသည် ပြီးခဲ့သည့် သီတင်း ပတ်က တန်ချိန် ၁၄၇ သန်းအထိ ရောက်ရှိခဲ့ပြီး နိုဝင်ဘာလကုန်တွင် အမြင့်ဆုံးသို့ ရောက်ရှိနိုင်သည်ဟု နိုင်ငံစီမံကိန်းဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly