ဗြိတိန်နိုင်ငံသားများကို စောင့်ကြည့်သည့် လုံခြုံရေး ကင်မရာများကို ဝီဂါအကျဉ်းထောင် ၅ ခုတွင် တွေ့ရှိ

ဗြိတိန်နိုင်ငံသားများကို စောင့်ကြည့်သည့် လုံခြုံရေး ကင်မရာများကို ဝီဂါအကျဉ်းထောင် ၅ ခုတွင် တွေ့ရှိ

သီးခြားကွန်ရက်ပေါင်း ၂၇၅ ၀၀၀ ဖြင့် ဗြိတိန်နိုင်ငံသားများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်သည့် ကင်မရာများကို ရှင်ကျန်းရှိ ဝီဂါ အကျဉ်းထောင် ၅ ခုတွင် တွေ့ရှိကြောင်း The Mail on Sunday သတင်းစာက ဖော်ပြသည်။

တရုတ်အစိုးရပိုင် Hikvision နှင့် Dahua တို့၏ အထူးလုံခြုံရေး ကင်မရာများသည် စခန်းများတွင် အကျဉ်းသားများကို စောင့်ကြည့်နေကြောင်း တွေ့ရှိခဲ့သည်။

IPVM စောင့်ကြည့်ရေးကုမ္ပဏီမှ ပညာရှင်များပြုလုပ်ဆောင်ရွက်သည့် သုတေသနအရ ရှင်ကျန်းရှိ လူနည်းစုဝီဂါမွတ်စလင်များ၏ ပြန်လည်ပညာပေးရေးစင်တာများကို တရုတ်ဘလော့ဂါတစ်ဦးက မကြာသေးမီက ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို လေ့လာခြင်းဖြင့် ကင်မရာများကို တွေ့ရှိခဲ့သည်။

ကုမ္ပဏီနှစ်ခုစလုံးသည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆက်စပ်သော ချိတ်ဆက်မှုများအတွက် အမေရိကန်တွင် နာမည်ပျက်စာရင်းသွင်းခံထားရသော်လည်း ဗြိတိန်အစိုးရသည် ယခုအချိန်အထိ ကုမ္ပဏီများကို ပိတ်ဆို့အရေးယူခြင်းမရှိသေးပေ။

ဗြိတိန်နိုင်ငံသားများကို Hikvision နှင့် Dahua ကင်မရာများ၏ ကွန်ရက်ပေါင်း ၂၇၇ ၉၈၆ ဖြင့် စောင့်ကြည့်စစ်ဆေးနေပြီး ကင်မရာအရေအတွက် ပိုများနိုင်ဖွယ်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျန်းမာရေးဌာန၊ အလုပ်နှင့်ပင်စင်ဌာနနှင့် တရားရေးဌာနတို့၌ Hikvision ကင်မရာ ရာနှင့်ချီ အသုံးပြုနေကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က သတင်း ထွက်ပေါ်လာခဲ့သည်။

Hikvision နှင့် Dahua ၏ ကင်မရာများနှင့် နည်းပညာများကို တရုတ်နိုင်ငံရှိ မွတ်စလင်လူနည်းစုဝီဂါများကို ဖိနှိပ်ရာတွင် အသုံးပြုကြသည်။

Hikvision သည်ဗြိတိန်ကျောင်းများ၊ ရဲတပ်ဖွဲ့များ၊ အစိုးရဌာနများ၊ ဒေသဆိုင်ရာကောင်စီများ၊ ဆေးရုံများ၊ စောင့်ရှောက်ရေးဂေဟာများနှင့်ပုဂ္ဂလိကကုမ္ပဏီများအတွက် လုံခြုံရေးကင်မရာများကို ရောင်းချပေးသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ Hikvision က မှတ်ချက်ပေးရန် ငြင်းဆိုသော်လည်း Dahua ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက “အခြားသူတွေ ထုတ်လုပ်တဲ့ ပုံစံတူကင်မရာတွေ ဈေးကွက်မှာ အများကြီး ရှိတဲ့အတွက် ကင်မရာက အမှန်တကယ်ပဲ Dahua ရဲ့ပစ္စည်းလား သီးခြားရည်ရွယ်ချက်အတွက်လားဆိုတာ အတည်မပြုနိုင်ပါဘူး” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly