လူသိများထင်ရှားသည့် အမေရိကန်ပညာရေးအဖွဲ့အစည်းများကို တရုတ်က လှည့်စားထိန်းချုပ်ထား

လူသိများထင်ရှားသည့် အမေရိကန်ပညာရေးအဖွဲ့အစည်းများကို တရုတ်က လှည့်စားထိန်းချုပ်ထား

အနောက်နိုင်ငံ ပညာရေးနယ်ပယ်တွင် အထက်တန်းလွှာအဖွဲ့အစည်းများသည် တရုတ်ကွန်မြူနစ်ပါတီ (CCP) ကဲ့သို့ အာဏာရှင်နိုင်ငံရေးစနစ်များကို ပုံမှန်အတိုင်း ဖြစ်နေစေရန် လုပ်ဆောင်နေကြောင်း စိစစ်တွေ့ရှိရသည်။

နယူးစ်ဝိခ်မဂ္ဂဇင်းတွင် ရေးသားသူ ဂျော်ဂျီယာအယ်လ်ဂီဟိုလီက အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့မှ ထင်ရှားကျော်ကြားသည့် ပညာရေးအဖွဲ့အစည်းများသည် တရုတ်နိုင်ငံအကျိုးစီးပွားအတွက် ဩဇာလွှမ်းမိုးခံနေရကြောင်း စွပ်စွဲပြောကြားသည်။

ဒီမိုကရက်တစ်အဖွဲ့အစည်းများ ထူထောင်ရန် မူဝါဒများကို စွဲကိုင်ထားသည့် အနောက်နိုင်ငံများမှ တက္ကသိုလ်များက ‘တရုတ်ပုံစံ’ အုပ်ချုပ်မှုစနစ်ကို အခြားတိုင်းပြည်များက ကျင့်သုံးသွားနိုင်သည်ဆိုသော အတွေးအခေါ်အယူအဆကို တွန်းအားပေးလျက်ရှိကြောင်း သူမက စွပ်စွဲထားသည်။

ဂျော်ဂျီယာအယ်လ်ဂီဟိုလီသည် Pinsker စင်တာ၏ မီဒီယာဒါရိုက်တာတစ်ဦးဖြစ်ပြီး Uyghur Freedom အဖွဲ့၏ အယ်ဒီတာချုပ်တစ်ဦးလည်း ဖြစ်သည်။

တရုတ်၏ အုပ်ချုပ်ရေးစနစ်သည် ကမ္ဘာနှင့်ချီ၍ အောင်မြင်ရန် မဖြစ်နိုင်ကြောင်း အခြားနိုင်ငံများက သိရှိထားသော်လည်း တရုတ်အစိုးရနှင့် ချိတ်ဆက်ထားသည့် ကော်ပိုရေးရှင်းများသည် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ထိရောက်စွာ စည်းရုံးနိုင်ခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ပေါ်ရခြင်းသည် တက္ကသိုလ်များက လုပ်ငန်းတိုးချဲ့ကာ စီးပွားရေးဆန်ဆန် လုပ်ဆောင်လာသည့်အတွက် ပြည်ပမှ ငွေကြေးများအပေါ် မှီခိုလာကြရသည်။

“ပညာရေးအဖွဲ့အစည်းအများအပြားဟာ တရုတ်ရဲ့ တောင်းဆိုမှုတွေကို လွန်ဆန်ဖို့ ငွေကြေးအရဖြစ်စေ၊ ကျင့်ဝတ်အရဖြစ်စေ မတတ်နိုင်တော့ပါဘူး။ တကယ်တော့ တရုတ်ကွန်မြူနစ်ပါတီကပဲ ဗြိတိန်ရဲ့ အဆင့်မြင့်ပညာရေးကို ဩဇာလွှမ်းမိုးတာမဟုတ်ပါဘူး။ ထိပ်တန်းကောလိပ်ကြီးတွေက ဖိနှိပ်မှုတွေနဲ့ ဆက်စပ်နေတဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေကနေ ထောက်ပံ့ငွေတွေကိုရယူနေပေမယ့် အဲဒီထဲမှာ တရုတ်ကတော့ အများဆုံးပေးနေပါတယ်” ဟုလည်း သူမက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly