ပုဂ္ဂလိက ကျောင်းများကို နိုင်ငံပိုင် ပြုလုပ်ပြီး သမ္မတရှီကျင့်ဖျင်၏ အတွေးအခေါ်ကို သင်ကြားပေးရန် တရုတ်အစိုးရ ပြင်ဆင်

ပုဂ္ဂလိက ကျောင်းများကို နိုင်ငံပိုင် ပြုလုပ်ပြီး သမ္မတရှီကျင့်ဖျင်၏ အတွေးအခေါ်ကို သင်ကြားပေးရန် တရုတ်အစိုးရ ပြင်ဆင်

သမ္မတရှီကျင့်ဖျင်၏ အတွေးအခေါ်ကို သင်ကြားပေးနိုင်ရန် မူလတန်းနှင့် အလယ်တန်းများအတွက် ပုဂ္ဂလိက ကျောင်းများကို နိုင်ငံပိုင်ပြုလုပ်ရန် တရုတ်အစိုးရက ပြင်ဆင်နေသော်လည်း နိုင်ငံတော်မှ ပံ့ပိုးငွေမရှိနိုင်သောကြောင့် အဆိုပါအပြောင်းအလဲသည် အရည်အသွေးမီ ပညာရေးတစ်ရပ်ကို ဆုံးရှုံးစေနိုင်မည် ဖြစ်သည်။

စက်တင်ဘာ ကျောင်းဖွင့်ချိန်မှစ၍ မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် သမ္မတရှီကျင့်ဖျင်၏ နိုင်ငံရေးအတွေးအခေါ်ကို သင်ကြားနိုင်ရန် လိုအပ်မည်။ပုဂ္ဂလိက ကျောင်းများမှ အစိုးရကျောင်းများသို့ ပြောင်းလဲခြင်းသည် အစိုးရအနေဖြင့် သစ္စာရှိမှုနှင့် ထိန်းချုပ်နိုင်မှုတို့ကို ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ပိုမို သဟဇာတဖြစ်မည့် နေရာများကို ဖန်တီးခြင်း ဖြစ်ကြောင်း Nikkie Asia သတင်းတွင် ဖော်ပြထားသည်။

ကုန်းတွင်းပိုင်း ရှန်ကျိ ပြည်နယ်မှ ပညာရေးအရာရှိများက ပုဂ္ဂလိက ကျောင်း ထူထောင်ထားသူများအား ၎င်းတို့၏ ကျောင်းနှင့် ပတ်သက်သည့် လွှဲပြောင်းရန် ရှိသည်များကို ဆောင်ရွက်ထားကြရန်နှင့် ပြည်သူပိုင် ကျောင်းများအဖြစ်သို့ ပြောင်းလဲရန် နိုဝင်ဘာ အစောပိုင်းက သတင်းထောက်များကို ပြောကြားခဲ့သည်ဟု Nikkei Asia တွင် ရေးသားထားသည်။

ယင်းအစီအစဉ်တွင် တရုတ်အစိုးရက ပုဂ္ဂလိကကျောင်းများကို ပြည်သူပိုင်လုပ်ရန်၊ စာသင်ချိန်ပြီးနောက် သင်ကြားပေးခြင်းအတွက် အခကြေးငွေကို ညှိနှိုင်းပေးရန်၊ စာမေးပွဲအတွက် ပြင်ဆင်ပေးသည့် ကုမ္ပဏီများ အနေဖြင့် ပညာရေးကို ပိုမိုထိန်းချုပ်တင်းကျပ်ရန်နှင့် ပညာရေးနှင့် ပတ်သက်သည့် ကုန်ကျစရိတ်များကို သင့်တင့်မျှတစွာ သတ်မှတ်ရန် မျှော်လင့်ထားသည်။

တရုတ်နိုင်ငံ၌ ပုဂ္ဂလိက ပညာရေးကဏ္ဍမြင့်တက်လာချိန်တွင် မိဘများအနေဖြင့် ကလေးများ အကောင်းဆုံးပညာရေးကို သင်ကြားနိုင်ရန် တစ်နှစ်လျှင် ဒေါ်လာ သောင်းနှင့်ချီ၍ ကုန်ကျခံရကြောင်း Nikkei Asia တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ယမန်နှစ်က ပုဂ္ဂလိကပိုင် မူလတန်းနှင့် အလယ်တန်းကျောင်းများသို့ တက်ရောက်သည့် ကျောင်းသား ၁၆ သန်းကျော်ရှိခဲ့သည်။

အချို့ ပုဂ္ဂလိက ကျောင်းများသည် သန်းကောင်စာရင်း မရှိသောကြောင့် အစိုးရကျောင်းများသို့ မတက်ရောက်နိုင်သည့် ရွှေ့ပြောင်းအလုပ်သမား မိသားစုများမှ ကလေးများကို သင်ကြားပေးရသည်။ ယင်းကျောင်းများကို ဆက်လက်ဖွင့်လှစ်ခွင့်ပေးထားမည်ဖြစ်သော်လည်း ကုန်ကျစရိတ်ကို ဒေသဆိုင်ရာ အစိုးရများက ထိန်းချုပ်သတ်မှတ်ပေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly