လူ ၁၂ဦးထက်မနည်းသေဆုံးခဲ့သည့် မြေပြိုမှုအတွက် လူ ၁၁ ဦးကို တရုတ်ဖမ်းဆီး

လူ ၁၂ဦးထက်မနည်းသေဆုံးခဲ့သည့် မြေပြိုမှုအတွက် လူ ၁၁ ဦးကို တရုတ်ဖမ်းဆီး

ပေကျင်း၊ ဇန်နဝါရီ ၁ ။              ။ လွန်ခဲ့သည့်လက တရုတ်နိုင်ငံ တောင်ပိုင်းရှိ ရှန်ကျန်မြို့တွင် လူသေဆုံးမှုများရှိခဲ့သည့် မြေပြိုမှုတွင် ပတ်သက်မှုဖြင့် လူ ၁၁ ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး ၎င်းတို့အား ပေါ့လျော့မှုကြောင့် ကြီးမားသည့်မတော်တဆမှုဖြစ်စေမှုဖြင့် စွဲချက်တင်ထားကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ရှင်ဟွာက ဖော်ပြသည်။

ဒီဇင်ဘာ ၂၀က ဖြစ်ပေါ်ခဲ့သော မြေပြိုမှုအတွက် ဆောက်လုပ်ရေးဆိုင်ရာအန္တရာယ်ကင်းရှင်းရေးစည်းမျဉ်းများအား ချိုးဖောက်မှုများကို အစိုးရက အပြစ်တင်ခဲ့သည်။ ထိုစဉ်က အစုအပုံကြီးက ပြိုကျကာ အဆောက်အဦ ၃၃ လုံးပေါ်ပိပြိုသွားခဲ့သည်။

ယင်းသို့ပြိုကျမှုကြောင့် အနည်းဆုံးလူ ၁၂ ဦးသေဆုံးကာ ၆၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အတည်ပြုထားသည်ဟု ရှင်ဟွာက ဒီဇင်ဘာ ၃၁ နောက်ပိုင်းက ထုတ်ပြန်သည်။

ဖမ်းဆီးခံရသည့် လူ ၁၁ ဦးတွင် တရားရေးကိုယ်စားလှယ်တစ်ဦး၊ ရှန်ကျန်ယိရှန်လုံ ရင်းနှီးမြုပ်နှံမှုဋ္ဌာနမှ ဒု-အထွေထွေမန်နေဂျာတစ်ဦးနှင့် အဆိုပါအစုအပုံကို ကြီးကြပ်သည့် အရာရှိများပါဝင်သည်ဟု ရှန်ကျန်အစိုးရရှေ့နေ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင်ဖော်ပြထားသည်။

အခြားသံသယရှိသူများကိုလည်း အမြန်ဆုံး ရှာဖွေဖော်ထုတ်ဖမ်းဆီးရန် အစိုးရရှေ့နေက ရဲတပ်ဖွဲ့ကို တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly