PWDFအဖွဲ့၏ Facebook စာမျက်နှာသို့ မဆက်သွယ်ကြရန် အသိပေးတောင်းဆို

PWDFအဖွဲ့၏ Facebook စာမျက်နှာသို့ မဆက်သွယ်ကြရန် အသိပေးတောင်းဆို

ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော Pathein Westrern Defence Force(PWDF)အဖွဲ့၏ Facebook စာမျက်နှာသို့ လက်ရှိအချိန်တွင် မဆက်သွယ်ကြရန် PWDF အဖွဲ့ဝင်တစ်ဦးကပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂ရက် ညပိုင်းအချိန်က ၎င်းတို့၏ Facebookစာမျက်နှာတွင် မူမမှန်သည့် အချက်များကို တွေ့ရှိလာရခြင်းကြောင့် ယခုကဲ့သို့ အသိပေးရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ အခြားတော်လှန်ရေးအင်အားစုများကလည်း PWDF ၏ Facebook စာမျက်နှာအား တစ်စုံတစ်ယောက်က ခိုးယူသုံးစွဲ နေပါသဖြင့် လတ်တလောတွင် ဆက်သွယ်မှုမပြုလုပ်ကြရန် အွန်လိုင်းမှတစ်ဆင့် တောင်းဆိုထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly