ပလက်၀တွင် ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် တစ်ရွာလျှင် ၁၅ ယောက်စာရင်းပေးခိုင်း

ပလက်၀တွင် ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် တစ်ရွာလျှင် ၁၅ ယောက်စာရင်းပေးခိုင်း

ပလက်ဝ၊ ဒီဇင်ဘာ-၂

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိကျေးရွာတချို့မှ အုပ်ချုပ်ရေးမှူးများကိုဆင့်ခေါ်ပြီး ပြည်သူ့စစ်သင်တန်းတက်ရောက်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ၁၅ ဦးစီ ဒီဇင်ဘာ ၃ ရက်နေ့နောက်ဆုံးထား စာရင်းပေးရမည်ဟုတောင်းခံထားသည်။

စစ်ကောင်စီတပ် တပ်မ (၁၁) တပ်မမှူးက နိုဝင်ဘာ ၂၆ ရက်နေ့တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံရာတွင် ပြည်သူ့စစ်သင်တန်းတက်ရောက်သူများစာရင်းပေးရန်တောင်းဆိုလိုက်ပြီး မတက်မနေရဟုမှာလိုက်သည်။

"နယ်မြေခံတပ်ရင်းဖြစ်တဲ့ (၂၈၉) တပ်ရင်းမှာတပ်မမှူးကခေါ်တွေ့တယ်။ ၁၄ ရက်ပြည်သူ့စစ်သင်တန်းရက်တိုတက်ရမယ်။ တစ်ရွာ ၁၅ဦးစီစာရင်းပေးရမယ်ဆိုပြီးခေါ်ပြောတယ်။ မတက်မနေရသဘောပြောတာ။''ဟု ရွာသားတစ်ဦးကပြောသည်။

လက်တလောခေါ်ယူထားသည့်vရွာများမှာ တမန်းသားအုပ်စုမှ ဆီးဖလောင်း၊အန်ခို၊ တမန်းသားသုံးရွာ၊ စိမ်းစင်းအုပ်စုလေးရွာ၊ ကင်ဝရပ်ကွက် နှစ်ရွာတို့ဖြစ်သည်။ အဆိုပါရွာများသည် ပလက်ဝအခြေချနယ်မြေခံ (၂၈၉)တပ်ရင်းအနီးအနားတွင်တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly