တောင်ကိုရီးယား၏ ကုန်သွယ်ရေးပိုငွေ ၂၀၁၅ တွင် စံချိန်တင်မြင့်တက်

တောင်ကိုရီးယား၏ ကုန်သွယ်ရေးပိုငွေ ၂၀၁၅ တွင် စံချိန်တင်မြင့်တက်

ဆိုးလ်၊ ဇန်နဝါရီ ၁ ။                ။ ပြည်ပသို့ တင်ပို့မှုထက် ပြည်ပမှတင်သွင်းမှုမှာ လျင်မြန်စွာကျဆင်းမှုကြောင့် ၂၀၁၅တွင် တောင်ကိုရီးယား၏ ကုန်သွယ်ရေးပိုငွေမှာ အမေရိကန်ဒေါ်လာ ၉၀ ဘီလျံကျော်ဖြင့် စံချိန်တင်မြင့်တက်ခဲ့သည်ဟု ဇန်နဝါရီ ၁က အစိုးရ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

၂၀၁၅ခုနှစ်က ပြည်ပသို့တင်ပို့ကုန်များမှ အမေရိကန်ဒေါ်လာ ၅၂၇ ဒသမ ၂ ဘီလျံ ရရှိခဲ့သော်လည်း ယခင်တစ်နှစ်ကနှင့်စာလျင် ၇ဒသမ၉ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

သို့သော်လည်း ပြည်ပမှ တင်သွင်းမှုမှာ ၂၀၁၅တွင် ပို၍လျင်မြန်စွာကျဆင်းခဲ့ပြီး ယခင်တစ်နှစ်ကထက် ၁၆ဒသမ၉ရာခိုင်နှုန်းအထိကျဆင်းခဲ့ကာ အမေရိကန်ဒေါ်လာ ၄၃၆ ဘီလျံရှိခဲ့သည်။ ၂၀၁၅တွင် ကုန်သွယ်ရေးပိုငွေမှာ အမေရိကန်ဒေါ်လာ ၉၀ဒသမ၄ဘီလျံထိ ရှိခဲ့ရာ နိုင်ငံသမိုင်းတွင် အကြီးမားပိုငွေဖြစ်သည်။

ပို့ကုန်တင်ပို့မှုနှေးကွေးရခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးမှု၊ ရေနံဈေးများကျဆင်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကျဆင်းမှုတို့ကဲ့သို့ အကြောင်းရာများကြောင့်ဖြစ်သည်။

၂၀၁၅ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုမှာ ၃ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က ခန့်မှန်းခဲ့သည်။ ၂၀၁၄ က ၃ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly