COVID-19 ကို ကိုင်တွယ်မှုပိုင်းတွင် ပေါ့လျော့မှု ရှိခဲ့ဟု ပါကစ္စတန်အစိုးရ ဝန်ခံ

COVID-19 ကို ကိုင်တွယ်မှုပိုင်းတွင် ပေါ့လျော့မှု ရှိခဲ့ဟု ပါကစ္စတန်အစိုးရ ဝန်ခံ

ပါကစ္စတန်နိုင်ငံတွင် COVID-19 အခြေအနေအပေါ် ကိုင်တွယ်ရာတွင် ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သည့် အစိုးရအနေဖြင့် ပေါ့ဆခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီး ရှောကတ် တာရင်က နိုဝင်ဘာ ၂၃ ရက်တွင် ဝန်ခံခဲ့သည်။ ပါကစ္စတန်အစိုးရအနေဖြင့် နိုင်ငံအတွက် ဓာတ်ငွေ့များကို လုံလုံလောက်လောက် အချိန်ကိုက် တင်သွင်းခဲ့ခြင်း မရှိခဲ့ဟု ၎င်းက ပြောခဲ့သည်။

နိုင်ငံ၏ ဓာတ်ငွေ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်အလို့ငှာ ပါကစ္စတန်သည် ဓာတ်ငွေ့ကို ဈေးနှုန်းများ မြင့်မားနေသည့်ကြားမှ ဝယ်ယူခဲ့ရသည်ဟု တာရင်က ပြောသည်။

အစိုးရအနေဖြင့် ဓာတ်ငွေ့ သွင်းကုန်များကို အချိန်ကိုက် ဝယ်ယူထားခဲ့သင့်သည်ဟု တာရင်က ဝန်ခံခဲ့ပြီး ဓာတ်ငွေ့ လိုအပ်ချက် အမြင့်ဆုံးကာလအတွင်း နိုင်ငံ၏ ရေနံနှင့် ဓာတ်ငွေ့ ဝယ်ယူတင်သွင်းမှုများသည် တစ်နှစ်လျင် ကန်ဒေါ်လာ ၂၀ ဘီလီယံနီးပါးအထိ ရောက်ရှိခဲ့သည်ဟု ပြောကြားခဲ့ကြောင်း The News International က ဖော်ပြသည်။

နိုင်ငံတွင် ဓာတ်ငွေ့အကျပ်အတည်း မပေါ်ပေါက်ခင် ဤ တင်သွင်းမှုများသည် တနှစ်လျင် ကန်ဒေါ်လာ ၁၂ ဘီလီယံနှင့် ၁၃ ဘီလီယံအကြားတွင် ရှိခဲ့သည်ဟု The News International က ဖော်ပြသည်။

စက်တင်ဘာလ အစောပိုင်းက အစ္စလမ္မစ်နိုင်ငံသည် COVID-19 ကပ်ရောဂါ စတုတ္ထလှိုင်းကို ထိန်းချုပ်ရန် အပြင်းအထန် ကြိုးပမ်းနေခဲ့ရစဥ် ဆေးကုသမှုဆိုင်ရာ အောက်ဆီဂျင် လိုအပ်ချက် ထိုးတက်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။

ယင်းနိုင်ငံ၏ အောက်ဆီဂျင်ဓာတ်ငွေ့ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် ပါကစ္စတန် အောက်ဆီဂျင် လီမိတက် (POL) သည် ဆေးရုံများသို့ ပေးပို့ခဲ့သည့် စာတစ်စောင်ထဲတွင် အောက်ဆီဂျင် လိုအပ်ချက် မြင့်တက်မှုကို ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း မရှိဟု ထုတ်ဖော်ထားခဲ့ကြောင်း သိရသည်။

အခြေအနေက ၎င်းတို့ ထိန်းချုပ်နိုင်ခြင်း မရှိသည့် အခြေအနေဖြစ်ခဲ့သည်ဟု POL က ပြောခဲ့သည်။ "ဒါက ကျွန်တော်တို့ ထိန်းချုပ်နိုင်မှု မရှိတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်၊ အဲဒီအတွက် ကျွန်တော်တို့ရဲ့ အကောင်းဆုံး လုပ်နိုင်စွမ်းတွေနဲ့ တုံ့ပြန်နေပါတယ်" ဟု ပြောခဲ့သည်။

အောက်ဆီဂျင်အတွက် အခြားရွေးချယ်စရာ စီစဥ်မှုများ လုပ်ဆောင်ရန် POL က ဆေးရုံများကို ပန်ကြားခဲ့သည်ဟုလည်း သိရသည်။

အလားတူ ဖြစ်စဥ်များနှင့်အတူ အီမရန် ခန်း အစိုးရသည် နိုင်ငံတွင် လောင်စာဓာတ်ငွေ့နှင့် အခြား မဖြစ်မနေလိုအပ်သည့် စားသောက်ကုန်များ မကြုံစဖူး ဈေးနှုန်းမြင့်တက်မှု ကြုံရစဥ်အတွင်း ပါကစ္စတန် သိမ်းပိုက်သည့် ကက်ရှ်မီးယား (PoK) ၏ ဒေသခံများထံမှ ပြင်းထန်သည့် ဝေဖန်မှုကို ရင်ဆိုင်နေရသည်။

ပါကစ္စတန်ရှိ ငွေကြေးဖောင်းပွမှုနှုန်းက ကမ္ဘာတွင် စတုတ္ထမြောက် အမြင့်ဆုံး ဖြစ်နေသည်။ လက်ရှိအချိန်တွင် ယင်းနိုင်ငံတွင် အလုပ်လက်မဲ့မှုနှုန်းကလည်း မြင့်တက်နေပြီး လုပ်ခလစာများမှာမူ မတိုးတက်ဘဲ တန့်ခံနေသည်။ လောင်စာနှင့် လျှပ်စစ် နှုန်းထားများသည် မကြုံစဖူး မြင့်တက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly