ပြည်ပရောက် ဝီဂါတစ်ဦး တည်ဆောက်ထားသော ရှင်ကျန်းဒေသရှိ အမိုးခုံးကို တရုတ်အာဏာပိုင်များက ဖျက်ဆီး

By Latestly
02 December 2021
ပြည်ပရောက် ဝီဂါတစ်ဦး တည်ဆောက်ထားသော ရှင်ကျန်းဒေသရှိ အမိုးခုံးကို တရုတ်အာဏာပိုင်များက ဖျက်ဆီး

တူရကီတွင်နေထိုင်သော ဝီဂါတစ်ဦးက ၎င်း၏ဇာတိမြို့ဖြစ်သည့် ရှင်ကျန်းတွင် တည်ဆောက်ထားသော အမိုးခုံးတစ်ခုကိုတရုတ်အာဏာပိုင်များကဖျက်ဆီးလိုက်သည်။

ဝီဂါဘာသာရေးနှင့် ယဉ်ကျေးမှုအသုံးအနှုန်းများကို သုတ်သင်ရှင်းလင်းရန် အစိုးရအာဏာပိုင်များက တွန်းအားပေးသော နေရာဖြစ်သည့် တရုတ်နိုင်ငံအနောက်ဘက်ခြမ်း တော့ကူဇက်ကောင်တီရှိလန်ဂျာမြို့တွင် မာမတ်တိုတီက ပန်းခြံတည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၃၁၃၀၀ ထုတ်ပေးခဲ့ကြောင်း RFA သတင်းဌာနက ဖော်ပြခဲ့သည်။

သူ၏ သားသမီးမြေးများ အပါအဝင် ဒေသခံများအတွက် ဆုတောင်းဝတ်ပြုသည့် နေရာပေးရန်နှင့် သူ့မွေးရပ်မြေနှင့် ခွဲခွာရသဖြင့် ဝမ်းနည်းကြေကွဲမှုအတွက် ထွက်ပေါက်အဖြစ် တည်ဆောက်ခဲ့ကြောင်း RFA သို့ ပြောသည်။

ယင်း အမိုးခုံးသည် ပန်းများနှင့်သစ်သီးပင်များဖြင့် ပြည့်နှက်နေသော ပန်းခြံရှိ ဘူဝီဟီနင်သုသာန်အတွင်းက သူ၏မိသားစုသင်္ချိုင်းမြေကွက်ဘေးတွင် တည်ရှိသည်။ သူသည် ထိုနေရာ၌ အိမ်အများအပြားကိုလည်း ဆောက်လုပ်ခဲ့သည်။

“အမိုးခုံးကို သူတို့ ဖြိုချတယ်လို့ ကြားတယ်” ဟု RFA ကိုပြောသည်။ မာမတ်တိုတီသည် အမိုးခုံးပြိုကျကြောင်း အတည်ပြုရန် GPS မြေပုံများကို အသုံးပြုခဲ့သည်။

တူရကီတွင် ရာစုနှစ်တစ်ဝက်ကြာ နေထိုင်လာသူ မာမတ်တိုတီက သူ၏ ပထမဇနီးနှင့် ရရှိခဲ့သောသားသမီးနှင့် မြေး ၁၀ ဦးသည် ပြန်လည်ပညာပေးရေးစခန်းများသို့ ခေါ်ဆောင်သွားခြင်း သို့မဟုတ် ထောင်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။ ၎င်းတို့အနက် သားသမီး နှင့် မြေး ၇ ဦးသည် ထောင်ထဲတွင် ကျန်ရစ်နေသေးကြောင်း လန်ဂျာမြို့နယ်ကတာဝန်ရှိသူတစ်ဦးကို RFA ကိုအတည်ပြုသည်။

သူသည် အစ္စတန်ဘူလ်ရှိ တရုတ်သံရုံးရှေ့၌ဝီဂါများမှပြုလုပ်သောဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး ရှင်ကျန်းတွင် ပျောက်ဆုံးနေသော မိသားစုဝင်များ၏သတင်းကို မေးမြန်းခဲ့သည်။

"ကျွန်တော်က ဒီမှာ (တူရကီမှာ) ရှိလို့ဆိုပြီး အကြမ်းဖက်သမား၊ ခွဲထွက်ရေးသမားဆိုပြီး သူတို့က ပြောကြတယ်။ ကျွန်တော်က ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာ သတင်းတွေ ဝေမျှပြီး မွေးရပ်မြေကို ပြိုကွဲအောင်လုပ်ဖို့ ကြိုးစားတယ်လို့ သူတို့က ပြောကြတယ်။ အဓိပ္ပါယ်မရှိတဲ့ စကားတွေနဲ့ စွပ်စွဲပြောဆိုကြတယ်” ဟု မာမတ်တိုတီကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly