အမေရိကန်လွှတ်တော်အမတ် ၅ ဦး ထိုင်ဝမ်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံ

အမေရိကန်လွှတ်တော်အမတ် ၅ ဦး ထိုင်ဝမ်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံ

အမေရိကန်လွှတ်တော်အမတ် ၅ ဦးသည် ထိုင်ဝမ်သို့ နိုဝင်ဘာ ၂၅ရက်တွင် ရောက်ရှိလာခဲ့ပြီး အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းဖြင့် တရုတ်၏ ကန့်ကွက်မှုများကို ဆန့်ကျင်ခဲ့သည်။

“မနေ့က ကျွန်တော်တို့ရဲ့ ခရီးစဉ်သတင်း ပေါက်ကြားသွားတော့ ကျွန်တော့်ရုံးကို တရုတ်သံရုံးကနေ ဗြောင်ကျကျ အကြောင်းကြားစာပို့လာပြီး ခရီးစဉ်ကို ဖျက်သိမ်းဖို့ ပြောခဲ့ပါတယ်” ဟု မစ်ရှီဂန် ဒီမိုကရက်တစ်ကိုယ်စားလှယ် အယ်လီစာ အက်လိုကင်က နိုဝင်ဘာ ၂၅ရက်တွင် Twitter တွင် ရေးသားခဲ့သည်။

"မော်တော်ယာဉ်လုပ်ငန်းတွေကို မိုက်ခရိုချစ်ပ်တွေ အများဆုံး ပေးသွင်းနေတဲ့ ထိုင်ဝမ်အတွက် ဒီခရီးစဉ်အတွင်း မှာ ထုတ်လုပ်ရေးဆိုင်ရာ ပြဿနာတွေအကြောင်းကို အဓိကထား ဆွေးနွေးပါမယ်"

တောင်ကိုးရီးယားရှိ အမေရိကန်တပ်များနှင့် ကျေးဇူးတော်နေ့ကို ဆင်နွှဲပြီးနောက် သီးခြား ထိုင်ဝမ်ခရီးစဉ် ပေါ်ထွက်လာခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း ခေါင်းဆောင်တွေနဲ့ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ဟု အက်လိုကင်က ပြောကြားခဲ့သည်။

အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေးတွင် ယိုယွင်းလာနေစဉ် ထိုင်ဝမ်သည် အခက်ကြုံနေရပြီး ယင်း၏ ကိုယ်ပိုင်အုပ်ချုပ်နေသော ကျွန်းတစ်ဝိုက်တွင် တရုတ်က စစ်ရေးခြိမ်းခြောက်မှုများနှင့် စစ်လေယာဉ်များ ပျံသန်းမှု တိုးမြင့်လာသောကြောင့် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

နိုဝင်ဘာလအစောပိုင်းတွင် အမေရိကန်လွှတ်တော်အမတ်များ၏ အလွတ်သဘော လည်ပတ်မှုပြီးနောက် ယခု ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကယ်လီဖိုးနီးယားဒီမိုကရက်တစ်ပါတီမှ အောက်လွှတ်တော်စစ်ပြန်များရေးရာ ဥက္ကဌ မတ်ခ်တာကာနိုက နိုဝင်ဘာ ၂၅ရက်တွင် ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။

ခရီးစဉ်သတင်းကို ပထမဆုံးဖော်ပြခဲ့သော Reuters ၏ အဆိုအရ အဖွဲ့တွင် အက်လိုကင်၊ ရီပတ်ပလီကန်မှ ကော်လင်အော်ရက်၊ တောင်ကယ်လိုလိုင်းနား ရီပတ်ပလီကန်မှ နန်စီမေနှင့် ကယ်လီဖိုးနီးယား ဒီမိုကရက်မှ ဆာရာဂျက်ကော့တို့ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly