ဒီဇင်ဘာလကိုဖယ်လိုက်လျှင် အလွန်ကောင်းသည့်နှစ်တစ်နှစ်ဖြစ်ခဲ့ဟု ဗန်ဟားလ်ပြော

ဒီဇင်ဘာလကိုဖယ်လိုက်လျှင် အလွန်ကောင်းသည့်နှစ်တစ်နှစ်ဖြစ်ခဲ့ဟု ဗန်ဟားလ်ပြော

ဇန်နဝါရီ ၁၊ မန်ချက်စတာ။             ။ ဒီဇင်ဘာလကိုဖယ်လိုက်လျှင် ၂၀၁၅ ခုနှစ်မှာ မန်ယူအသင်းအတွက် အလွန်ကောင်းသည့်နှစ်တစ်နှစ်ဖြစ်ခဲ့သည်ဟု နည်းပြဗန်ဟားလ်က ပြောဆိုလိုက်သည်။

"ပထမရာသီ ၂၀၁၄-၁၅ မှာကျွန်တော်တို့ ရည်မှန်းချက်တွေပြည့်ခဲ့ပါတယ်။ အဲဒီနောက်မျှတခဲ့ပြီး ဒီရာသီအစပိုင်းမှာတော့ ကျွန်တော်တို့ ထိပ် ရောက်ခဲ့တယ်။

အဲဒီနောက် ချန်ပီယံလိဂ်ကထွက်ခဲ့ရတာက ကျွန်တော်တို့အတွက် ထိခိုက်မှုကြီးတစ်ခုဖြစ်ပါတယ်။ ဒီဇင်ဘာလကို ထည့်မတွက်ဘူးဆိုရင် တော့ ၂၀၁၅ က သိပ်ကောင်းတဲ့နှစ်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ထည့်မတွက်လို့လည်း မရဘူးလေ။ တစ်နှစ်မှာ ၁၂ လရှိတာကိုး"ဟု နယ်သာလန်လူမျိုးနည်းပြ ဗန်ဟားလ်က ပြောသည်။

မန်ယူသည်အသင်းသမိုင်းတွင် အဆိုးဆုံးအဖြစ် ဒီဇင်ဘာလအတွင်း ရမှတ်နှစ်မှတ်သာရခဲ့ပြီး အိုးထရက်ဖို့ဒ်တွင် ချယ်လ်ဆီး၊ ဝက်စ်ဟမ်း တို့နှင့်သရေကျခဲ့ခြင်းဖြစ်သည်။

ဝုဖ်ဘတ်၊ ဘုန်းမောက်၊ နော့ဝှစ်ချ်နှင့် စတုခ်စီးတီးအသင်းတို့ကိုမူ ရှုံးနိမ့်ခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly