ထန်တလန်၊ နိုဝင်ဘာ-၃၀
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် နိုဝင်ဘာလ ၂၅ ရက် ည ၈နာရီမှ ၂၉ ရက် နံနက် ၈ နာရီအထိ ငါးရက်အတွင်း မီးလောင်မှုကြောင့် အိမ်အလုံးပေါင်း ၂၂၀ မီးလောင်ပြာကျသွားခဲ့ကြောင်း Thantlang Revolutionary Campaigner - TRC မှ ယနေ့ နိုဝင်ဘာလ ၃၀ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။
ထန်တလန်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဇုန်မွှန်ရပ်ကွက်တွင် အိမ် ၅၁ လုံး ၊ လုံတီာလ် ရပ်ကွက်တွင် အိမ် ၃၅ လုံး နှင့် စိုက်ပျိုးရေးရပ်ကွက်တွင် အိမ် ၁၃၄ လုံး မီးလောင်ပျက်စီးခဲ့ရာ အိမ် စုစုပေါင်း ၂၂၀ မီးလောင်ကျွမ်းခဲ့သည်။
လက်ရှိ ထန်တလန်မြို့တွင် မီးလောင်ကျွမ်းမှု ၁၀ ကြိမ်ရှိခဲ့ပြီး စိုက်ပျိုးရေးရပ်ကွက်ရှိ စိန့်နီကောလပ်စ် ကက်သလစ်ဘုရားကျောင်း အပါအဝင် ဘုရားကျောင်း လေးကျောင်းနှင့် လူနေအိမ် ၄၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့သည်။