တရုတ်က ပစိဖိတ်ကျွန်းများတွင် စစ်အခြေစိုက်စခန်းများကို တိတ်တဆိတ် တည်ဆောက်နေ

တရုတ်က ပစိဖိတ်ကျွန်းများတွင် စစ်အခြေစိုက်စခန်းများကို တိတ်တဆိတ် တည်ဆောက်နေ

တရုတ်က ရေကြောင်းနှင့် စီးပွားရေးနယ်ပယ်ကို ချဲ့ထွင်လိုခြင်းကြောင့် ပစိဖိတ်ကျွန်းနိုင်ငံများကို စတင်ဆွဲဆောင်စည်းရုံးနေသည်။

ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း ခရစ်ဘားတီး ကျွန်းနိုင်ငံသည် တရုတ်နိုင်ငံအတွက် စီးပွားဖြစ်ငါးဖမ်းရန် ယင်း၏ အကြီးဆုံး အရန်ပင်လယ်သယံဇာတများကို အသုံးချရန် ဆွေးနွေးနေပြီး ယင်းကို ရေတပ်အခြေစိုက် စခန်းကဲ့သို့လည်း အသုံးချလိမ့်မည်ဟု Singapore Post သတင်းဌာနက ဖော်ပြထားသည်။

ခရစ်ဘားတီးနိုင်ငံသမ္မတ တာနီတီမာမူက စီးပွားဖြစ်ငါးဖမ်းရန် အဏ္ဏဝါ သယံဇာတများအား တရုတ်သို့ လုပ်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သလို တရုတ်ကလည်း ရည်ရွယ်ချက်နှစ်ရပ်ဖြင့် အသုံးချသွားနိုင်သည်။

ထို့ပြင် ခရစ်ဘားတီးနိုင်ငံအတွက် အဆိုပါ ခွင့်ပြုချက်မှ အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ကျော် ရရှိမည်ဖြစ်သည်။

တရုတ်သည် ပစိဖိတ်ကျွန်းနိုင်ငံများ၏ အဓိကသံတမန်ရေးရာနှင့် စီးပွားရေးမိတ်ဖက်အဖြစ် ပေါ်ထွက်လာနေပြီး အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံငယ်များသည် စီးပွားရေးကို ရုန်းကန်နေရဆဲဖြစ်ကြောင်း Singapore Post သတင်းတွင် ဖော်ပြထားသည်။

သြစတြေးလျမှ ကီလိုမီတာ ၂၀ဝဝ ကွာဝေးသော ဗာနူအာတူတွင် တရုတ်က စစ်အခြေစိုက်စခန်း တည်ဆောက်ရန် ခွင့်ပြုထားသည်ဆိုသည်ကို ငြင်းဆိုထားသည်။

၂၀ဝ၆ခုနှစ်မှ ၂၀၁၉ခုနှစ်အတွင်း တရုတ်စစ်တပ်ကိုယ်စားလှယ်အဖွဲ့သည် ပစိဖိတ်ကျွန်းနိုင်ငံများသို့ ၂၄ ကြိမ်လည်ပတ်ခဲ့ကြောင်း ဩစတြေးလျ အကြံပေးပညာရှင်များအဖွဲ့က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly