တီအန်မင် အစုလိုက်အပြုံ လိုက်သတ် ဖြတ်မှုအကြောင်း စာအုပ် ၂၉ အုပ်ကို ဟောင်ကောင် စာကြည့်တိုက်များမှ ဖယ်ရှား

တီအန်မင် အစုလိုက်အပြုံ လိုက်သတ် ဖြတ်မှုအကြောင်း စာအုပ် ၂၉ အုပ်ကို ဟောင်ကောင် စာကြည့်တိုက်များမှ ဖယ်ရှား

ဟောင်ကောင်ရှိ စာကြည့်တိုက်များမှ လွန်ခဲ့သည့် ၁၂ နှစ်ကျော်ကဖြစ်ပွားခဲ့သည့် တီအန်မင် အစုလိုက်အပြုံ လိုက်သတ် ဖြတ်မှုနှင့်ပတ်သက်သည့် စာအုပ် ၁၄၉ အုပ်အနက် ၂၉ အုပ်ကို အာဏာပိုင်များက ဖယ်ရှားလိုက်သည်။

စာအုပ်ပေါင်း ၁၂၀ ကို ဆက်လက်သိမ်းဆည်းထားဆဲဖြစ်ပြီး လွယ်လင့်တကူ ငှားရမ်းနိုင်သေးသည်။ ကျန်ရှိ နေသည့် ၉၄အုပ်ကို တောင်းဆိုမှသာ ငှားရမ်းနိုင်သည်။ အဆိုပါ စာအုပ်များကို အရန်အဖြစ် သိမ်းဆည်းထားရန် သို့မဟုတ် ဖတ်ရှုနိုင် သော်လည်း ကိုးကားသည့်ကဏ္ဍများတွင်သာထားရှိကြောင်း Hong Kong Free Press က ဖော်ပြခဲ့သည်။

ဟောင်ကောင်ရှိ တရုတ်လိုလားသော အာဏာပိုင်များသည် ဒီမိုကရေစီလိုလားသူများနှင့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ဖြိုခွင်းမှု များပြားလာချိန်တွင် ယခုကိစ္စထွက်ပေါ်လာခြင်းဖြစ်သည်။

တီအန်မင်ရင်ပြင်ဆန္ဒပြပွဲများကို ၁၉၈၉ခုနှစ်တွင် ပေကျင်းမြို့ တီအန်မင်ရင်ပြင်၌ ကျောင်းသားများက ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တီယန်မင်ရင်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟု လူသိများပြီး တပ်ဖွဲ့ဝင်များသည် ချေမှုန်းရေး ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ကာ တင့်ကားများနှင့်အတူ ဆန္ဒပြသူများနှင့် တီယန်မင်ရင်ပြင်သို့ စစ်တပ်၏ ချီတက်လာမှုကို ပိတ်ဆို့ရန် ကြိုးပမ်းသူများကို ပစ်ခတ်ခဲ့သည်။

တီအန်မင်ရင်ပြင်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များအား ပြောဆိုခြင်း တရုတ်ပြည်တွင် များစွာ သတိထားရသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် အွန်လိုင်းမှ အကြောင်းအရာများကို အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီး အင်တာနက်မှလည်း ပုံမှန်ဖယ်ရှားလျက်ရှိသည်။

ထို့ကြောင့် ဆန္ဒပြမှုကို မဖြတ်သန်းဖူးသည့် မျိုးဆက်သစ်လူငယ်များအတွက် ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး အသိပညာနည်းပါးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly