တရုတ်က အတုအယောင်ဝါဒဖြန့်မှုများဖြင့် ကမ္ဘာ့မီဒီယာများနှင့်နိုင်ငံရေးကို ကြိုးကိုင်ခြယ်လှယ်နေ

တရုတ်က အတုအယောင်ဝါဒဖြန့်မှုများဖြင့် ကမ္ဘာ့မီဒီယာများနှင့်နိုင်ငံရေးကို ကြိုးကိုင်ခြယ်လှယ်နေ

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ကမ္ဘာတစ်ဝှမ်းရှိ အခြားနိုင်ငံများ၏ သတင်းအချက်အလက်များနှင့် မီဒီယာများကို ကြိုးကိုင်ခြယ်လှယ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု Hong Kong Post က ဖော်ပြထားသည်။

ကျင့်ဝတ်မဲ့သော ရည်မှန်းချက်များ အောင်မြင်ရန် CCP သည် အကျင့်ပျက်ပြီး စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများအမျိုးမျိုးကို အသုံးပြုနေကြောင်း သိရှိထားကြသည်။ သို့သော် အထောက်အထား မခိုင်လုံခြင်းကြောင့် တရုတ်အခြေစိုက် တပ်ဖွဲ့များသည် ကမ္ဘာတစ်ဝှမ်းတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ကျူးလွန်နေကြောင်းကို သက်သေမပြနိုင်ပေ။ အလှမ်းကျယ်သော စုံစမ်းစစ်ဆေးမှုများကြောင့် ယခုအချိန်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာကြောင်း Hong Kong Post သတင်းတွင် ဖော်ပြသည်။

ယခုအခါတွင် တရုတ်ထောက်ခံသော တပ်ဖွဲ့များသည် ကမ္ဘာလူမှုမီဒီယာပလက်ဖောင်းများတွင် ခြယ်လှယ်သည့် စစ်ဆင်ရေး အများအပြားကို အစွမ်းကုန်အကျိုးသက်ရောက်မှုများ ရှိစေလျက် တက်ကြွစွာ လုပ်ဆောင်နေပြီဖြစ်ကြောင်း အထောက်အထားများ တွေ့နေရသည်။

ကမ္ဘာ့နိုင်ငံရေး၊ ကမ္ဘာလုံးဆိုင်ရာ ရှာဖွေမှုရလဒ်များနှင့် ကမ္ဘာတစ်ဝှမ်းရှိ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများတွင် အရေးပါသော ဂယက်ရိုက်မှုများကို ဖော်ပြနေသော စစ်ဆင်ရေးနှင့်လုပ်ဆောင်ချက် အများအပြား ရှိနေကြောင်းကို စုံစမ်းစစ်ဆေးမှုများစွာက ပြသနေသည်ဟု Hong Kong Post က ဖော်ပြသည်။

ဗြိတိန်မှ Oxford Internet Institute က မေလတွင် ပြုလုပ်သော လေ့လာမှုတစ်ခုအရ Twitter အကောင့် ၂၆ ၀၀၀ ကျော်သည် တရုတ်သံတမန်များ သို့မဟုတ် နိုင်ငံပိုင်မီဒီယာများမှ တင်ထားသော ပို့စ်များကို အားပေးမြှင့်တင်ရာတွင် ပါဝင်ပတ်သက်နေကြောင်း ဖော်ပြခဲ့သည်။

YouTube ကို ဖြုတ်ချခဲ့ခြင်းနှင့် သက်ဆိုင်သည့် Google ၏ ၃ လပတ်အစီရင်ခံစာများအရ YouTube ချန်နယ်ပေါင်း ၁၀ ၅၇၀ ကျော်ကို ဆိုင်းငံ့ထားကြောင်း ဖော်ပြထားသည်။ အဆိုပါချန်နယ်များသည် ယခုနှစ် ဇန်နဝါရီနှင့်စက်တင်ဘာလအကြားတွင် တရုတ်နိုင်ငံနှင့်ချိတ်ဆက်ထားသည့် ညှိနှိုင်းသြဇာလွှမ်းမိုးမှုဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်။ YouTube သည် တရုတ်ဝါဒဖြန့်သူများအတွက် ရွေးချယ်စရာ နည်းလမ်းတစ်ခုဖြစ်ပုံရသည်။

အစစ်အမှန်မဟုတ်သောအကောင့်များကို ဖယ်ရှားလိုက်သော်လည်း တရုတ်နှင့်ချိတ်ဆက်ထားသော အကောင့်များသည် ဝါဒဖြန့်ချိရေးအကြောင်းအရာကို အခါအားလျော်စွာ ပြောင်းလဲကာ အသစ်ထပ်မံဖြန့်ချိထားကြောင်း ဤလုပ်ဆောင်ချက်များအားလုံးက ပြသနေသည်။

ဝါဒဖြန့်သူများသည် တရုတ်သံတမန်ရေးဆိုင်ရာထုတ်ပြန်ချက်များအတွက် လူထုထောက်ခံမှုအတုများကို ပေါင်းထည့်ခြင်း၊ လိုက်နာရန်နည်းစနစ် ( အယ်လဂိုရီသမ်) များကို ထိရောက်စွာ ပုံပျက်စေခြင်းနှင့် တရုတ်အစိုးရ၏ ဝါဒဖြန့်မှုအတွက် စစ်မှန်သောအသုံးပြုသူများကို ပိုမိုထင်ရှားစေသည်ဟု Hong Kong Post က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly