မုံရွာအောင်ရှင်၏ ရုပ်အလောင်းအား ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်

By ဂန္ဒမာ
30 November 2021
မုံရွာအောင်ရှင်၏ ရုပ်အလောင်းအား ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်

နိုဝင်ဘာ ၃၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုကော်မတီဝင် ၊ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင် (ဦးအေးကြူ) ၏ ရုပ်အလောင်းကို ယနေ့ နိုဝင်ဘာလ ၃၀ ရက် နေ့လယ် ၂ နာရီတွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

မုံရွာအောင်ရှင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ဝန်းကျင်က နှလုံးရောဂါဖြင့် ၎င်း၏နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

စာရေးဆရာနှင့် ကဗျာဆရာ ဖြစ်သူ မုံရွာအောင်ရှင်သည် စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ပင် ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလ ၁၈ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

မုံရွာအောင်ရှင်သည် အာဏာသိမ်းစစ်တပ်၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ရေကြည်အိုင် စစ်ကြောရေး စခန်းမှ လွတ်မြောက်လာပြီး ရက်ပေါင်း ၄၀ အကြာတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ကွယ်လွန်သူ မုံရွာအောင်ရှင်ကို ရည်စူးပြီး ရက်လည်ဆွမ်းသွတ်တရားနာယူခြင်းကို ဒီဇင်ဘာ ၄ ရက် မနက် ၇ နာရီတွင် တာမွေမြို့နယ်၊ မလွှကုန်းလမ်းရှိ ၎င်း၏ နေအိမ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required