ကျွဲ၊ နွားတွေ မရှိလို့ စပါး မစိုက်နိုင်ရင် ပေါင်မုန့် စားကြမှာလား

ကျွဲ၊ နွားတွေ မရှိလို့ စပါး မစိုက်နိုင်ရင် ပေါင်မုန့် စားကြမှာလား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာနေတဲ့ ကိုမိုးဟိန်း ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ သူဟာ မန္တလေး တက္ကသိုလ်က ဘွဲ့ရခဲ့တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းတစ် ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ စာဖတ် ဝါသနာပါတဲ့ သူဟာ နေ့စဉ်ထုတ် သတင်းစာတစ်စောင်မှာ မြန်မာနိုင်ငံက ကျွဲ၊ နွားတွေကို နိုင်ငံခြားသို့ တရားမဝင် ရော်ငးချနေတဲ့ သတင်းကို ဖတ်မိပြီး သူမြင် တွေ့နေရတာတွေကိုလည်း ရေးချင်မိတာကြောင့် သူ့စာကို ဖော်ပြပေးမယ်လို့ ယူဆတဲ့ မဇ္ဈိမ စာဖတ်သူကဏ္ဍ ကို ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

သူဖတ်လိုက်ရတဲ့ သတင်းကတော့ တရုပ်ပြည်သူ့ သမ္မတနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၁၈ ကြိမ်မြောက် အရှေ့တောင်အရှ ခွာနာလျှာနာ ရောဂါထိန်းချုပ်ရေးဆိုင်ရာ ညီလာခံမှာ တင်ပြ ဆွေးနွေ ခဲ့တဲ့ တရုပ်နိုင်ငံ အပါအဝင် အရှေ့တောင်အရှ နိုင်ငံများ၌ တိရိစ္ဆာသွားလာမှု လမ်းကြောင်းနဲ့ ပတ်သက်တဲ့ သူတေသန စာတမ်းများအရ တရုပ်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံက ကျွဲ၊ နွားကောင်ရေ သုံးသိန်းမှ ငါးသိန်းကြား နှစ်စဉ် တရားမဝင် ရောင်းချမှုများ ရှိနေကြောင်း ရေးထား တဲ့ သတင်းပဲ ဖြစ်ပါတယ်။ သူတို့ တိုင်းဒေသကြီးထဲမှာ ဖြတ်သန်းသွားနေကြတဲ့ နွားအုပ်တွေ၊ ကျွဲ၊ နွားတင်ထားတဲ့ ကားကြီးတွေကို နေ့စဉ်နီးပါး မြင်တွေ့နေရတိုင်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဘာလို့ ဒီလိုဖြစ်နေတာလဲလို့ စဉ်းစားပြီး လေ့လာလိုက်တဲ့အခါမှာ နိုင်ငံတွင်းမှာ စိုက်ပျိုးမွေးမြူရေး အတွက် တစ်နေရာက တစ်နေရာကို ရောင်းဝယ်ကြတာ မဟုတ်ဘဲ နိုင်ငံခြားမှာ အသားစားဖို့အတွက် ဝယ်တာ ကို ရောင်းနေကြတာ ဖြစ်တယ်လို့ ရေးပါတယ်။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ပြီး ထမင်းစားတဲ့ ဆန်ဖြစ်ဖို့ စပါးစိုက်တဲ့အခါမှာ ပင်ပန်း ကြီးစွာနဲ့ မိုးထဲရေထဲမှာ ထွန်ယက်ပေးတဲ့အတွက် နွားကို ကျေးဇူးတင်း သနားပြီး မစားကြတဲသူများ ပါတယ်။ ဒါပေမယ့် စီးပွားရေးအရ ရောင်းမှဖြစ်မယ်ဆိုရင်လည်း တရားဝင် ရောင်းချမှသာ ထိုက်သင့် တဲ့ တန်ဖိုးရမှာ ဖြစ်ပါတယ်။ ဒီလို တရားမဝင် ရော်ငးချတဲ့အတွက် ဖြတ်သန်းသွားလာတဲ့အခါ ဌာနဆိုင်ရာတွေ ကိုလည်း ပေးကမ်းရမှာ ဖြစ်တဲ့အတွက် လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်ပြီး ဝန်ထမ်း တွေ အကျင့်ပျက်လာကြတယ်။သယ်ယူပေးတဲ့သူ၊ ပို့ဆောင်ရောင်းချသူတွေကလည်း ငွေလွယ်လွယ်နဲ့ ရတော့ မူးယစ်ဆေးနဲ့ အရက်သုံးစွဲကြပြီး လောင်းကစားတွေပါ လုပ်နေကြတာကို သူမင်တွေ့နေရ တယ်လို့ ရေးပါတယ်။ ဒီလို လုပ်နေကြတာကို တာဝန်ရှိသူတွေ မသိဘဲတော့ မနေပါဘူး။ သူ့လို ဘာမဟုတ်တဲ ဝန်ထမ်းငယ်တစ်ဦးတောင် သူတို့ သယ်ပို့နေတဲ့ လမ်းကြောင်းတွေကို သိနေတာပဲလို့ ဆိုပါတယ်။

သူတို့ မကွေးတိုင်းဒေသကြီးကနေ အိန္ဒိယဘက်ကို နွားတွေ ပို့တာနည်းပြီး အိန္ဒိယကနေ သူတို့တိုင်းထဲ ဖြတ်ပြီးဝင်တဲ့ နွားတွေဟာ တရုပ်ပြည်နဲ့ ထိုင်းကနေ မလေးရှားအထိ ရောက်တယ် ဆိုတာ ဖတ်ရတော့ ဒီလို ရောင်းလို့ရရင် အစိုးရအနေနဲ့ တရားဝင် တင်ပို့ ရောင်းချတာ လုပ်သင့်ရဲ့ သားနဲ့ အခုလို တရားမဝင် သယ်ယူရော်ငးချနေတာကို ထိထိရောက်ရောက် အရေးမယူနိုင်တာက တော့ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာ စက်မှု လယ်ယာ ထွန်းကားသေးတာ မဟုတ်တဲ့ အတွက် အခုအချိန်အထိ ဆန်စပါး စိုက်ပျိုးရေးမှာ ကျွဲ၊ နွားတွေကို အားထားနေရပါသေးတယ်။ အခု လို တရားလွန် ရောင်းဝယ်နေရင် ထွန်ယက်စိုက်ပျိုးဖို့ မလုံလောက်မှုတွေ ဖြစ်လာရင် ထမင်းစားဖို့ ဆန်ရဖို့ မလွယ်တာကို တာဝန်ရှိသူ အစိုးရရော၊ ပြည်သူတွေပါ စဉ်းစားပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်း ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly