NLD ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်၏ နောက်ဆုံးခရီး

By ဂန္ဒမာ
30 November 2021
NLD ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်၏ နောက်ဆုံးခရီး

နိုဝင်ဘာ ၃၀

အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြား​ရေးအတွင်း​ရေးမှူး မုံရွာ​အောင်ရှင် (ဦးအေးကြူ) ၏ ရုပ်အလောင်းကို ယ​နေ့ နိုဝင်ဘာ ၃၀ ရက်​နေ့ ​နေ့လယ် ၂ နာရီတွင် ရေဝေးသုဿာန်၌ ဂူသွင်းမည်ဖြစ်သည်။ မုံရွာ​အောင်ရှင်၏ ​နောက်ဆုံးခရီးအားလိုက်ပို့ရန် ​နေအိမ်မှကားများ ​နေ့လည် ၁၂ နာရီတွင်ထွက်ခွာလာခဲ့သည်။

မုံရွာအောင်ရှင်သည် နိုဝင်ဘာ ၂၈ရက် နံနက် ၆ နာရီခွဲတွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

မုံရွာအောင်ရှင်သည် အာဏာသိမ်းစစ်ကောင်စီတပ်၏ နာမည်ဆိုးဖြင့်ကျော်ကြားသော ရေကြည်အိုင်စစ်ကြောရေးစခန်းမှလွတ်မြောက်လာပြီး ရက် ၄၀ အကြာတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ဓာတ်ပုံ-ဂန္ဒမာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required