နောင်တက်လာမည့် အစိုးရအဖွဲ့သစ်နှင့် ပူးပေါင်းဆောင်ရွက်သင့် မသင့်

နောင်တက်လာမည့် အစိုးရအဖွဲ့သစ်နှင့် ပူးပေါင်းဆောင်ရွက်သင့် မသင့်

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် NLD ပါတီမှ ဦးဆောင်ဖွဲ့စည်းမည့် အစိုးရ အဖွဲ့သစ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်ကြောင်း မန္တလေးးတိုင်း မဲဆန္ဒနယ် အမှတ်(၈)မှ အရွေးချယ်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ သူသည် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လည် းဖြစ်သည်။ လက်ရှိတွင်လည်း အမျိုးသား လွှတ်တော်ဥက္ကဌ တာဝန်ယူထားရသူ ဖြစ်သည်။

NLD မှဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့သစ်အပေါ် ဦးခင်အောင်မြင့်ကဲ့သို့ပင် လူတန်းစား အသီးသီးကလည်း သဘောထားများ ပေးကြ ရေးကြသည်များ ရှိပါသည်။ အထူးသဖြင့် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အများဆုံး ဖတ်ကြရသည်။ တချို့က အကောင်းဘက်က မျှော်လင့် ကြပြီး တချို့ကမူ မကောင်းသည့်ဘက်မှ ရပ်တည်ပြီး ပြောကြရေးကြသည်ကို တွေ့ရသည်။

အမှန်တကယ်တော့လည်း မကြာမီ ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့သစ်အပေါ် မိမိတို့၏ ထင်မြင်ယူဆချက်များနှင့် မိမိတို့၏ သဘောထား ရပ်တည်ချက်များကို ဖေါ်ပြကြသည်မှာ မူအားဖြင့် ကောင်းပါသည်။ NLD အနေဖြင့်လည်း အကောင်းဘက်က ရှုမြင်သည့်အမြင်များကို လက်ခံရမည်ဖြစ် သလို အဆိုးဘက်မှမြင်သည့်အမြင်များကိုမူ လက်ခံစဉ်းစား သုံးသပ်ကြရမည် ဖြစ်သည်။

ဤနေရာတွင် အကောင်းဘက်မှ ရပ်တည်ပြောဆိုသည်များအပေါ် မည်သို့မျှ မပြောလိုသော် ငြားလည်း အဆိုးဘက်မှ ရပ်တည်ပြောဆိုသည့် အမြင်တချို့ကိုမူ ပြန်လည်ဝေဖန် အကြံပြုလိုပါသည်။ အဆိုးဘက်မှ ရပ်တည်ပြောဆိုသော အမြင်များမှာ NLD အစိုးရဖွဲ့ပြီး တက်လာပါက ကုလားနိုင်ငံဖြစ် သွားမှာ သေချာကြောင်း၊ ဥရောပနိုင်ငံကြီးများရဲ့ လွှမ်းမိုးမှု ခံရတော့မည်မှာ သေချာကြောင်း၊ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျခံရသည့် မြန်မာလူငယ်နှစ်ဦးကိစ္စကို အသံကျယ်ကျယ် ထုတ်ဖေါ် မပြောဆိုရဲလျင် နောင်အခါ ကိုယ့်နိုင်ငံသားများအရေး ပိုလို့ပင် လစ်လျူရှုမည့် အဖွဲ့ဖြစ် ကြောင်း အစရှိသည့် အဆိုးမြင် ပြောဆိုချက်များပင် ဖြစ်သည်။

မှန်ပါသည်။ မိမိတို့သည် မည်သည့်အစိုးရ မည်သည့်အဖွဲ့အစည်းကိုမဆို မူအရ ဝေဖန်ဆန်းစစ် ကြရမှာကတော့ မူအရမှန်ပါသည်။ သို့သော် ဝေဖန်ရေးတွင် မလွဲမသွေ အခြေခံရမည့် မူများရှိပါသည်။
ကိုယ့်ဆန္ဒ တစ်ခုတည်းအပေါ်တွင်သာ ခြေစုံရပ်ပြီး မဝေဖန်ရခြင်းနှင့် အမှန်တကယ် အဖြစ် အပျက်များအပေါ်တွင်သာ အခြေစိုက်ပြီးမှ ဝေဖန်ရမည်ဟူသည့် မူပင်ဖြစ်သည်။ ယင်းဝေဖန်ရေး စံများနှင့် တိုင်းတာလျင် အထက်ပါ ဝေဖန်ရေးများမှာ မှားယွင်းပြီး ပြည့်ဝမှုချို့တဲ့နေသော ဝေဖန်ရေး များဖြစ်နေသည်ကို တွှေရမည်ဖြစ်သည်။

မိမိတို့သည် သတင်းဌာန တစ်ခုအနေဖြင့် အဖွဲ့အစည်းတစ်ခုခုအတွက် ကြားမှဝင်ကာ ဘက်လိုက် ပြောဆိုလိုခြင်း မဟုတ်ပါ။ ဆင်ခြင်စဉ်းစားနိုင်ရေးအတွက်သာ ပြောဆိုခြင်းဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် NLD သည်ကား မိမိတို့ပြည်သူများက ရွေးချယ်မဲပေးထားသော အဖွဲ့အ စည်းကြီး တစ်ခုဖြစ်သဖြင့် တချို့သော အဆိုးမြင် ဝေဖန်ရေးများ ယူဆချက်များသည် ပြည်သူတို့၏ ဆန္ဒကို မမြင်ရာ မျက်ကွယ်ပြုရာရောက်စေသောသောကြောင့်ဖြစ်သည်။

အထက်ကပြောခဲ့သည်ကို ပြန်ကောက်လျင် ဦးခင်အောင်မြင့်သည် အမှန်တကယ်အားဖြင့် ဆိုလျင် NLD ၏ ယှဉ်ပြိုင်ဖက်ပါတီတစ်ခုမှ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အထူးသဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ပါတီတစ်ခု၏ ပါတီဝင် ဖြစ်သည်။ အမှန်အားဖြင့်ဆိုလျင် နောက်တက်လာမည့် NLD ၏ အစိုးရအဖွဲ့ကို ဦးခင်အောင်မြင့်အနေဖြင့် အဆိုးမြင်ဖြင့် ဝေဖန်လျင်ပင် သဘာဝကျသည်ဟူ၍ ယူဆလို့ ရနိုင်သော်ငြားလည်း ဦးခင်အောင်မြင့်သည် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ပင်ဖြစ် ကြောင်း အကောင်းမြင်ဖြင့် ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

ယင်းမှာ ပြည်သူတို့၏ဆန္ဒကို အသိအ မှတ်ပြု လေးစားသည့်သဘောသက်ရောက်သည့်အပြင် နိုင်ငံရေးပုဂ္ဂိုလ်တစ်ဦးအနေနှင့် ရင့်ကျက် မှန်ကန်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ယူဆနိုင်ပေသည်။
မိမိတို့သည် NLD က ဦးဆောင်ဖွဲ့စည်းမည့် အစိုးရသစ်ကို နောင်တချိန် တာဝန်ထမ်းဆောင် သည့် အခါတွင် မှန်၏ မှား၏ ဆိုသည်ကို မလွဲမသွေ ဝေဖန်သုံးသပ်ကြရမည်ကတော့ အသေအချာပင် ဖြစ်သည်။ လက်ရှိအချိန်တွင်မူ ပြည်သူတို့က တခဲနက်ရွေးချယ် တင်မြှောက်ထားသည့် အစိုးရအဖွဲ သစ် ဖြစ်သဖြင့် ဦးစွာအားဖြင့် ကြိုဆိုခြင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်သာ ဦးတည်ထား သင့်ကြကြောင်း တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly