မြိတ်တွင် အမျိုးသား ၂ ဦး စီးနင်းခွင့်ရမည့် ဆိုင်ကယ်ကယ်ရီ အသင်း စတင်ဖွဲ့စည်း

By ကိုရွှေမြိတ်
29 November 2021
မြိတ်တွင် အမျိုးသား ၂ ဦး စီးနင်းခွင့်ရမည့် ဆိုင်ကယ်ကယ်ရီ အသင်း စတင်ဖွဲ့စည်း

နိုဝင်ဘာ ၂၉

မြိတ်မြို့တွင် မော်တော် ဆိုင်ကယ် တစ်စီးပေါ်တွင် အမျိုးသား နှစ်ဦး စီးနင်းခွင့်ရှိမည့် ဆိုင်ကယ်ကယ်ရီ (TAXI) အသင်းကို စတင် ဖွဲ့စည်းပြီး ဖြစ်ကြာင်း အဆိုပါ အသင်း ဥက္ကဌ ဦးမောင်မောင်က ပြောသည်။

မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ အုပ်စုရှိ အဝေးပြေး ကားဝင်း အတွင်း အသင်းဝင် ဦးရေ၄၀ ကျော်ဖြင့် နိုဝင်ဘာလ ၂၈ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

" မော်တော် ဆိုင်ကယ် အသင်းကို အယောက် ၄၀ ကျော်နဲ့ စတင် ဖွဲ့လိုက်တာ ဖြစ်တယ်။ မြိတ်မှာ ဆိုင်ကယ် ကယ်ရီဆွဲ အလုပ်လုပ်သူတွေ အတွက် အဆင်ပြေအောင် စီစဉ်ပေးတာ ဖြစ်တယ်" ဟု ဦးမောင်မောင်က ပြောသည်။

ဆိုင်ကယ် စီးနင်းမှု အများဆုံး ရှိသော ပြည်တွင်းမြို့ကြီးများ၌ ဆိုင်ကယ် တစ်စီးတွင် အမျိုးသား နှစ်ဦး လိုက်ပါစီးနင်းခွင့်ကို အာဏာသိမ်း စစ်ကောင်စီက ယခု နိုဝင်ဘာလထဲတွင် တားမြစ် ပိတ်ပင်ခဲ့သည်။

ယင်းသို့ ပိတ်ပင်ခြင်းကြောင့် ဆိုင်ကယ် ကယ်ရီ (TAXI) ပြေးဆွဲ အသက်မွေးဝမ်းကြောင်း ပြုနေသူ အများစု မိသားစု စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသည်။

ယခု အသင်းသို့ ဝင်ထားလျှင် ဆိုင်ကယ်တွင် အမျိုးသားနှစ်ဦး စီးနင်းခွင့်ရမည် ဖြစ်ပြီး အသင်းဝင်များသည် ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း တောက်ခံစာ စသည်များ ပေးရမည်ဟု ဆိုထားသည်။

အဆိုပါ ဆိုင်ကယ် ကယ်ရီ (TAXI) အသင်းဝင်သူ တစ်ဦးလျှင် အသင်းဝင်ကြေး ကျပ်တစ်သောင်း ပေးဆောင်ရကာ လစဉ်ကြေး အနေဖြင့် တစ်လ ငါးထောင်ကျပ် ပေးသွင်းရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required