မလိ ရေအားလျှပ်စစ် ရေလှောင်တမံက လျှပ်စစ်ဓာတ်အား ယနေ့ ပြန်ပို့လွှတ်မည်

မလိ ရေအားလျှပ်စစ် ရေလှောင်တမံက လျှပ်စစ်ဓာတ်အား ယနေ့ ပြန်ပို့လွှတ်မည်

နိုဝင်ဘာ ၂၉

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့သို့ လျှပ်စစ်ဓာတ်အား အဓိက ပေးပို့နေသော မလိ ရေအားလျှပ်စစ် ရေလှောင်တမံက လျှပ်စစ်ဓာတ်အားများကို ယနေ့ နိုဝင်ဘာလ ၂၉ ရက်မှ စပြီး ပြန်လည် ပို့လွှတ်မည် ဖြစ်ကြောင်း အဆိုပါ စက်ရုံ ဝန်ထမ်းများထံက သိရသည်။

ရေလှောင်တမံအတွင်း သဲနှုန်း ထူထပ်လာသည့်အတွက် ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်မှ နိုဝင်ဘာလ ၂၈ ရက်အတွင်း ဓာတ်အားပို့လွှတ်မှု ယာယီ ရပ်နားခဲ့ခြင်း ဖြစ်သည်။

သဲနူံး ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် ရပ်ကွက်များကို ချီဖွေငယ် ဓာတ်အားစက်ရုံမှ ရရှိသည့် ဓာတ်အားများဖြင့် အလှည့်ကျ ပေးလွှတ်ခဲ့သည်။

မလိရေအားလျှပ်စစ် ရေလှောင်တမံသည် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော်တို့ ထိန်းချုပ်သည့် နယ်မြေကြား၌ တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required