လေကြောင်းခရီးစဉ်များ မကြာမီ ပုံမှန်ပြေးဆွဲနိုင်ရေး အိန္ဒိယနှင့် စင်ကာပူ ဆွေးနွေး

လေကြောင်းခရီးစဉ်များ မကြာမီ ပုံမှန်ပြေးဆွဲနိုင်ရေး အိန္ဒိယနှင့် စင်ကာပူ ဆွေးနွေး

စင်ကာပူအစိုးရက အိန္ဒိယနိုင်ငံ အရပ်ဘက်လေကြောင်း ဝန်ကြီးဌာန၊ ပြည်ပရေးရာ ဝန်ကြီးဌာနတို့နှင့် ဆွေးနွေးကာ ပုံမှန်လေကြောင်းခရီးစဉ်များကို ချန်နိုင်း၊ ဒေလီနှင့် မွမ်ဘိုင်းတို့မှ တစ်နေ့လျှင် ၂ ကြိမ် ပြန်လည် စတင်ပြေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ယခုအချိန်ထိ နှစ်နိုင်ငံအကြား အထူးခရီးစဉ်များကို Air India က ပြေးဆွဲလျက်ရှိသည်။ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသား အိန္ဒိယနိုင်ငံသားများကို နိုဝင်ဘာ ၂၉ ရက်မှစတင်၍ သတ်မှတ်အစီအစဉ်တစ်ခုဖြင့် ဝင်ရောက်ခွင့်ပြုမည်ဟု စင်ကာပူအစိုးရက ကြေညာထားသည်။ အဆိုပါ အစီအစဉ်ဖြင့် လာရောက်သူများအနေ ဖြင့် စင်ကာပူသို့ ရောက်ရှိချိန်တွင် သီးခြားစောင့်ကြည့်မှုဖြင့် နေထိုင်ရန် မလိုအပ်ပေ။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာသည် စင်ကာပူသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နို်ငငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရာ၌ ယခုကဲ့သို့ လေယာဉ်ခရီးစဉ်များ ပြန်လည်စတင်နိုင်ရေးကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

စင်ကာပူပို့ဆောင်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ရာ၌ နှစ်နိုင်ငံအကြား ခရီးသွားအစီအစဉ်များ ပိုမိုကောင်းမွန်လာရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း ဂျိုင်ရှန်ကက ၎င်း၏ တွစ်တာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly