ပုလောမြို့ နယ် ပဝတ်ကုန်းရွာတွင် PDF နှင့် ပျူစောထီးများ အပြန်အလှန် ပစ်ခတ်

By ကိုရွှေမြိတ်
29 November 2021
ပုလောမြို့ နယ် ပဝတ်ကုန်းရွာတွင် PDF နှင့် ပျူစောထီးများ အပြန်အလှန် ပစ်ခတ်

နိုဝင်ဘာ ၂၉

မြိတ်ခရိုင် ၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာရှိ ပျူစောထီး နေအိမ်များကို ပုလော PDF အဖွဲ့က နိုဝင်ဘာလ ၂၇ ရက် ည ၁၂ နာရီခန့်တွင် သွားရောက် ပစ်ခတ်ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း ပုလော PDF အဖွဲ့ထံမှ သိရသည်။

ပျူစောထီးများကို စစ်ကောင်စီက လက်နက် တပ်ဆင်ပေးထားသည် ဆိုသော သတင်းများ ထွက်ပေါ်နေ၍ ပြည်သူ့စစ် အဖွဲ့ဝင် (ပျူစောထီးအဖွဲ့ဝင်) ဦးထွန်းထွန်း နှင့် ဦးပေသီးတို့၏ နေအိမ်ကို ပုလော PDF က သွားရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ တိုက်ပွဲ ဖြစ်တော့ အထဲက ပြန်ပစ်တယ်။ သူတို့က ပြင်ဆင်ထားပုံပဲ။ အထဲမှာလည်း အင်အားများတယ်။ နှစ်ဖက်စလုံး ထိခိုက်မှုတော့ မရှိပါဘူး"ဟု ပုလော PDF မှ တာဝန်ရှိသူက ပြောသည်။

ထိတွေ့တိုက်ပွဲတွင် နှစ်ဖက် အကျအဆုံး မရှိဘဲ ပျူစောထီးနေအိမ်မှ ပစ္စည်းအချို့ ပျက်စီး ဆုံးရှုံး ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly