တရုတ်၏ ညစ်ညမ်း သံမဏိ ပြဿနာကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ဆန့်ကျင် ကန့်ကွက်

တရုတ်၏ ညစ်ညမ်း သံမဏိ ပြဿနာကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ဆန့်ကျင် ကန့်ကွက်

တရုတ်နိုင်ငံ၏ သံမဏိ၊ အလူမီနီယံကဏ္ဍတို့နှင့် ပတ်သက်၍ အဓိက အခက်အခဲ ဖြစ်နေသည့်ပြဿနာအပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က သဘောတူညီချက်များ ပြုလုပ်နိုင်ခဲ့သလို အခွန်အကောက်ဆိုင်ရာ ကွဲလွဲမှုများနှင့် စွန့်ပစ်ပစ္စည်းကိစ္စရပ်များကိုလည်း ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

အမေရိကန်သမ္မတအိမ်ဖြူတော်မှ Policy Research Group ၏ မဟာဗျူဟာ လေ့လာစမ်းစစ်မှု စာတမ်းတွင် ယခုသဘောတူညီချက်သည် ညစ်ညမ်းသံမဏိများကို ဈေးကွက်အတွင်း စွန့်ပစ်ရာ၌ တရုတ်ကဲ့သို့ နိုင်ငံများကို ထိန်းချုပ် ကန့်သတ်မှုများ လုပ်ဆောင်သွားမည်ဟု ရှင်းလင်းထားသည်။

ဈေးကွက်အတွင်း ထိခိုက်ပျက်စီးမှုများဖြစ်စေသည့် အဓိအကြောင်းရင်းများ၊ အလွန်အကျွံ သုံးစွဲမှုကြောင့် ရာသီဥတုအပေါ် ထိခိုက်မှုများကို ဖြေရှင်းရန် ညစ်ညမ်းသစ် သံမဏိများအား စုဆောင်းရေးအတွက် ဗြိတိန်နှင့် ဂျပန်ကဲ့သို့ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှုတွင် တရုတ်နိုင်ငံက ၂၇ ရာခိုင်နှုန်း ပါဝင်နေသည့်အနက် ၁၅ ရာခိုင်နှုန်းသည် သံမဏိ လုပ်ငန်းမှဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေး စံနှုန်းသတ်မှတ်ချက်များအပေါ် ကြိုးကိုင်ခြယ်လှယ်ခြင်းဖြင့် လေးစားလိုက်နာခြင်းမရှိခြင်းကြောင့်လည်း ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။

တရုတ်သည် ၂၀၀၁ ခုနှစ်မှ စတင်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် (WTO) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာသော်လည်း ပွင့်လင်းသောဈေးကွက်အခြေခံ နိုင်ငံတကာ ကုန်သွယ်ရေးစနစ်တွင် ပွင့်လင်းမြင်သာသည့် မူဝါဒများကိုသာ ဆက်လက်ကျင့်သုံးနေသည်။

တရုတ်နို်ငငံသည် တာဝန်ယူမှုရှိသည့် အဖွဲ့ဝင်နို်ငငံအဖြစ်ထက် ကုန်သွယ်မှုစနစ်ကို ခြယ်လှယ် ကြိုးကိုင်နေကြောင်း နို်ငငံအများအပြားက စွပ်စွဲထားသည်ဟု Policy Research Group ၏ မဟာဗျူဟာ လေ့လာစမ်းစစ်မှု စာတမ်းတွင် ဖော်ပြထားသည်။

တရုတ်နို်ငငံ၏ အသာစီးရလိုမှု ပြင်းထန်သော ကုန်သွယ်ရေးမူဝါဒအပေါ် WTO က ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် ဝေဖန်ခဲ့သည်။ တောင်ကိုရီးယားကဲ့သို့ ကုန်သွယ်ရေး မိတ်ဖက်နို်ငငံများကပင် တရုတ်၏ ပြင်းထန်စွာ အသာစီးယူမှုအပေါ် မေးခွန်းထုတ်ခဲ့သည်။

ပြည်ပဆက်ဆံရေးဆိုင်ရာ ဥရောပကောင်စီ၏ မူဝါဒ ရှင်းလင်းချက်တွင် တရုတ်က ဥရောပသမဂ္ဂ၏ မူဝါဒများကို အပြစ်ပေး ပြောင်းလဲရန် စီးပွားရေးနည်းလမ်းကို အသုံးချလိုကြောင်း ဖော်ပြထားသည်။ အလားတူ စိုးရိမ်မှုများသည် ဩစတြေးလျနှင့်ကနေဒါတို့တွင်လည်း ဖြစ်ပေါ်လျက်ရှိသည်။ ကိုဗစ်-၁၉ ဆိုင်ရာ ဝေဖန်သုံးသပ်မှုနှင့် ဟွာဝေးဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ ပြဿနာများအပေါ် တရုတ်က အခွန်ကောက်ခံမှုဖြင့် အဆိုပါ ၂ နိုင်ငံကို လက်တုန့်ပြန်ခဲ့သည်။ တရုတ်စိုက်ပျိုးရေးဆိုင်ရာ ဈေးကွက်သို့ ဝင်ရောက်နိုင်မှုအပေါ် ကန့်သတ်ချက်များတွင် အိန္ဒိယနိုင်ငံနှင့် လည်းကောင်း၊ တရုတ်နိုင်ငံအတွင်းမှ ဝီဂါများနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံနှင့်လည်းကောင်း ပြဿနာများ ဖြစ်ပွားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly