နျူကလီးယား ရေငုပ်သင်္ဘော သဘောတူညီချက်ဖြင့် ဓားကြိမ်းကြိမ်းနေသည့် သြစတြေးလျသည် လူဆိုးတစ်ယောက်နှင့် တူနေသည် ဟု တရုတ်သံတမန် ပြောကြား

နျူကလီးယား ရေငုပ်သင်္ဘော သဘောတူညီချက်ဖြင့် ဓားကြိမ်းကြိမ်းနေသည့် သြစတြေးလျသည် လူဆိုးတစ်ယောက်နှင့် တူနေသည် ဟု တရုတ်သံတမန် ပြောကြား

နျူကလီးယား ရေငုပ်သင်္ဘောတည်ဆောက်ရေးအစီအစဉ် သဘောတူညီချက်ရရှိထားသည့် သြစတြေးလျသည် လူဆိုးတစ်ယောက်နှင့် တူနေသည်ဟု တရုတ်ထိပ်တန်း သံတမန်တစ်ဦးက ခိုင်းနှိုင်းခဲ့ပြီး သြစတြေးလျ၏ ငြိမ်းချမ်းရေးကို မြတ်နိုးသော ဂုဏ်သတင်းကို ထိခိုက်စေခြင်းအပေါ် သြစတြေးလျပြည်သူများအနေဖြင့် ပိုမို စိုးရိမ်သင့်သည်ဟု ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံဆိုင်ရာ တရုတ် ယာယီသံအမတ်ကြီး ဝမ်ရှင်နင်းက သြစတြေးလျ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၈ စင်းထက်မနည်း ဝယ်ယူမည့် အစီအစဉ်အကြောင့် သြစတြေးလျအား ငြိမ်းချမ်းရေး ကာကွယ်သူအစား ဓားကြိမ်းကြိမ်းသူဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သြစတြေးလျက နည်းပညာအရ နျူကလီးယားစွမ်းရည် လုံးဝမရှိပါဘူး၊ အဲဒါက မင်းကို ဒုက္ခကင်းဝေးစေမယ် မတော်တဆမှုတွေ ကင်းစင်မှာပါ” ဟု ဝမ်က ပြောကြားခဲ့သည်။

“တစ်ခုခုဖြစ်ခဲ့ရင် မဲဘုန်းလ်နဲ့ အဒီလိုင်ဒီမှာရှိတဲ့ နိုင်ငံရေးသမားတွေအနေနဲ့ တောင်းပန်ဖို့ အဆင်သင့်ဖြစ်ပြီလား”

သြစတြေးလျ နျူကလီးယားသိပ္ပံနှင့် နည်းပညာအဖွဲ့(ANSTO) အကြီးအကဲ ဇစ်ဂီဆွစ်ဂီစကီးက သြစတြေးလျ၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လက်ခံနိုင်လောက်သည့်အဆင့်အထိ လျှော့ချရန် ဖြေရှင်းချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် နျူကလီးယားစွမ်းအင် လိုအပ်ကြောင်း ပြောကြားထားသည်။

တရုတ်နှင့် ပဋိပက္ခတွင် အမေရိကန်က ထိုင်ဝမ်ကို လာရောက်ကူညီမည်ဆိုပါက သြစတြေး လျမှ ပါဝင်နိုင်ဖွယ်ရှိကြောင်း ကာကွယ်ရေးဝန်ကြီး ပီတာဒတ်တွန်က အရိပ်အမြွက်ပြောကြားပြီးနောက် မိမိတို့၏ ဆက်ဆံရေးကို ထိခိုက်စေသည့် မည်သည့်အရာကိုမဆို ရှောင်ရှားရန် သြစတြေးလျ နိုင်ငံရေးသမားများအား ဝမ်က တောင်းဆိုခဲ့သည်။

Guardian Australia နှင့် လူတွေ့မေးမြန်းခန်းတွင် ဝမ်က စစ်ရေးပဋိပက္ခအတွက် သြစတြေးလျ၏ ထိတွေ့ဆက်ဆံမှုကြောင့် အဆင့်မြင့် ဆွေးနွေးပွဲအတွက် အဆင်ပြေသော ပတ်ဝန်းကျင် မဟုတ် ဟု ပြောဆိုခဲ့သော်လည်း တရုတ်နှင့် သြစတြေးလျဝန်ကြီးများကြား ဆက်သွယ်မှု ရပ်ဆိုင်းတော့မည်ကို အရိပ်အမြွက်ကို မပြခဲ့ပေ။

သြစတြေးလျနှင့် ယင်း၏ ထိပ်တန်းကုန်သွယ်ဖက်တို့အကြား တင်းမာမှုများ တိုးလာ နေချိန်တွင် သြစတြေးလျအစိုးရက တရုတ်ကုမ္ပဏီ၏ နှစ်ရှည်ငှားရမ်းမှုအား ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပါက အံ့အားသင့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ဩစတေးလျက အခြားစာချုပ်တစ်ခုကို ဖျက်သိမ်း နိုင်ပါ့မလားလို့ မေးချင်ပါသလားဟု ဝမ်က မေးမြန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly