တရုတ်နှင့် ဖြစ်ပွားနေသည့် ထိပ်တိုက်ရင်ဆိုင်မှုများတွင် အမေရိကန်က ဖိလစ်ပိုင်ဘက်မှ ရပ်တည်နေ

တရုတ်နှင့် ဖြစ်ပွားနေသည့် ထိပ်တိုက်ရင်ဆိုင်မှုများတွင် အမေရိကန်က ဖိလစ်ပိုင်ဘက်မှ ရပ်တည်နေ

တရုတ်နှင့် လတ်တလော ထိပ်တိုက်ရင်ဆိုင်မှုများတွင် ဖိလစ်ပိုင်ဘက်မှ အမေရိကန်က ရပ်တည်နေကြောင်း အလေးထားဖော်ပြခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ နယ်ချဲ့မှုနှင့် ဥပဒေမဲ့ စွာ ရေကြောင်း ပိုင်နက်တောင်းဆိုမှုများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည်ဟု ဘိုင်ဒင် အစိုးရက ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်မှု၊ ဒေသတွင်း တင်းမာမှုတွေ တိုးမြင့်လာကာ နိုင်ငံတကာ ဥပဒေအောက်မှာ အာမခံချက်ရှိသည့် တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ထိပါးလာပြီး စည်းမျဉ်းစည်းကမ်းတွေကို ပျက်ပြားစေသလို စည်းမျဉ်းအခြေခံ နိုင်ငံတကာ အစီအစဉ်ကို အားနည်းစေတာကြောင့် ယင်းကိစ္စများကို ရင်ဆိုင်ရာမှာ အမေရိကန် ပြည်ထောင်စုက ဖိလစ်ပိုင်ကဲ့သို့သော မဟာမိတ်ဘက်မှ အတူရပ်တည်နေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်၏ ပြောကြားချက်ကို ကိုးကား၍ Sputnik က ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ နယ်ချဲ့မှုနှင့် ဥပဒေမဲ့ စွာ ရေကြောင်း ပိုင်နက် တောင်းဆိုမှုများ သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည်ဟု ဘိုင်ဒင် အစိုးရက ယုံကြည်ကြောင်း ပရိုက်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၆ ရက်တွင် အငြင်းပွား တောင်တရုတ်ပင်လယ်၏ အယွန်ဂျင်သန္တာကျောက်တန်းများအနီးရှိ ဖိလစ်ပိုင်သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း၌ ဖိလစ်ပိုင် ထောက်ပံ့ရေး သင်္ဘော ၂ စင်းကို ဟန့်တားကာ ရေအမြောက်ဖြင့် တရုတ် ကမ်းခြေစောင့် သင်္ဘော ၃ စင်းက ပထမဆုံးအကြိမ် ပစ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီအိုဒိုရိုလိုစင်က ပြောကြားခဲ့သည်။

“တရုတ်ကမ်းခြေစောင့်သင်္ဘောတွေရဲ့ လုပ်ရပ်က တရားမဝင်ပါဘူး” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီအိုဒိုရိုလိုစင်က လူမှုမီဒီယာတွင် မျှဝေထားသည့် ကြေညာချက်တွင် ပြောကြားထားသည်။ " ဒီဒေသတွေမှာ တရုတ်ရဲ့တရားဥပဒေစိုးမိုးခွင့်နဲ့ လုပ်ပိုင်ခွင့် မရှိဘူး။ သူတို့ ထွက်ခွာသွားရပါမယ်။"

တရုတ်က ၎င်းတို့ကိုယ်တိုင် သတ်မှတ်ထားသည့် ‘စည်းမျဉ်း ၉ ချက်’ ကို အခြေခံကာ တောင်တရုတ် ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။ ယင်းအချက်များကို နိုင်ငံတကာတရားရုံးက ပယ်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly