မြန်မာနှင့်ထိုင်းကု န်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးတွင် ကုန်သွယ်ရေးစခန်းသစ် ဖွင့်လှစ်ရန် ဆွေးနွေးမည်

မြန်မာနှင့်ထိုင်းကု န်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးတွင် ကုန်သွယ်ရေးစခန်းသစ် ဖွင့်လှစ်ရန် ဆွေးနွေးမည်

နေပြည်တော်၊ဒီဇင်ဘာ ၃၁ ။           ။ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင်ပြုလုပ်မည် မြန်မာနှင့်ထိုင်း ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးတွင် မယ်စဲ့- ဟွေ့တနွန် နယ်စပ်ကုန် သွယ်ရေးစခန်းသစ် ဖွင့်လှစ်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးဒေါက်တာပွင့်ဆန်းက ပြောကြားသည်။      

မြန်မာဘက်မှ တရားဝင်ဖွင့်လှစ်နိုင်ရန်ထိုင်းနိုင်ငံအစိုးရသို့ ဇူလိုင်လက တရားဝင် ကမ်းလှမ်းခဲ့ပြီးထိုင်းအစိုးရမှ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း မြန်မာဘက်မှ တရားဝင်ဖွင့်လှစ်ရန် အသင့်ဖြစ်နေကြောင်း ဒေါက်တာပွင့်ဆန်းကပြောသည်။

” နယ်စပ်စခန်းနှစ်ခုကို တရားဝင်ပြိုင်တူဖွင့်လှစ်မည့်နေ့ရက်ကို ထိုင်းနိုင်ငံဘက်မှ ပြန်ကြားပေးရန် မြန် မာဘက်မှ ဆက်လက်တောင်းဆိုမှာဖြစ်ပါတယ် “ ဟုဝန်ကြီးက ဒီဇင်ဘာလ(၃၀)ရက်နေ့ က ကျင်းပသည့် ပြည့် သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။    

မယ်စဲ့- ဟွေ့တနွန် နယ်စပ်နယ်စပ်ကုန်သွယ်ရေးစခန်းသစ်ဖွင့်လှစ်ရန် အတွက် အဆောက် အဦးတည် ဆောက်မှုများ၊လမ်းများဆောင်ရွက်ခြင်းများသည် ၂၀၁၄ခုနှစ်၊မတ်လတွင်ပြီးစီးခဲ့ပြီး ကုန်သွယ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်လည်း One Stop Servise အဖွဲ့ကိုလည်းဖွဲ့စည်း၍ တာဝန်ပေးအပ်ထားပြီးဖြစ် ကြောင်း စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။       

မယ်စဲ့- ဟွေ့တနွန် နယ်စပ်နယ်စပ်ကုန်သွယ်ရေးစခန်းသစ်သည် ကယားပြည်နယ် မယ်စဲ့မြို့တွင် တည်ရှိပြီးယင်စခန်းတွင် ဒေသခံတိုင်းရင်းသားများကို ရိုးရှင်းလွယ်ကူစွာ ကုန်သွယ်မှု   ဆောင်ရွက်နိုင်ရေးအတွက် လည်း တစ်ဦးချင်းကုန်သွယ်မှုလက်မှတ်( Individual Trading Card  ITC ) ကို ထုတ်ပေးလျက်ရှိကြောင်းဝန် ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly