ကျောက်ပန်းတောင်းတွင် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ 

ကျောက်ပန်းတောင်းတွင် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ 

နိုဝင်ဘာလ ၂၈ ရက်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် သာယာအေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းညွန့်ကို နိုဝင်ဘာလ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၃၀တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း TTA ပြောက်ကျားတပ် (တောင်သာ) ၏ ပြန်ကြားရေး ဝာာဝန်ခံက မဇ္ဈိမကို ပြောသည်။ 

"သူက အရင်ထဲက ဒလန်လုပ်တာ လူတွေကို အရမ်းဒုက္ခပေးတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါ။ ရှေ့က ဦးဆောင်ပြီး ဒလန် အမြဲလုပ်တာ။ ခန္ဓာကိုယ်ပိုင်းကို ပစ်ခဲ့တာ။ ဆေးရုံပို့တော့ အဲ့ဒီမှာ သေသွားတာ" ဟု ၎င်းက ပြောသည်။ 

ဦးဝင်းညွန့်သည် ပျူစောထီးအဖွဲ့တွင် ဦးဆောင်ပါဝင်ပြီး ဒေသခံများ ဖမ်းဆီးခံရမှုတွင် စစ်ကောင်စီ ထံ သတင်းပေးပို့ခဲ့သူဖြစ်သည်ဟု ဒေသခံများက ယုံကြည် နေကြသည်။ 

ယခု ပစ်ခတ်မှုကို TTA ပြောက်ကျားတပ် (တောင်သာ) နှင့် 21-ပြောက်ကျားတပ် (ကျောက်ပန်းတောင်း) တို့က ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required