ဂျမူးနှင့် ကက်ရှ်မီးယားတွင် အကြမ်းဖက်ဖြစ်စဉ်နှင့် ဆက်နွှယ်သည့် နေရာများကို စုံစမ်းစစ်ဆေးရေးအဖွဲ့က ရှာဖွေ

By NDTV
27 November 2021
ဂျမူးနှင့် ကက်ရှ်မီးယားတွင် အကြမ်းဖက်ဖြစ်စဉ်နှင့် ဆက်နွှယ်သည့် နေရာများကို စုံစမ်းစစ်ဆေးရေးအဖွဲ့က ရှာဖွေ

အကြမ်းဖက် ဖြစ်စဉ်တစ်ခုနှင့် ဆက်နွှယ်သည့် နေရာအချို့ကို ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် နိုင်ငံတော်စုံစမ်းရေးအေဂျင်စီ (NIA) က နိုဝင်ဘာ ၂၂ ရက်တွင် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ဝင်ရောက်ရှာဖွေမှုများကို ဆီနီဂါနှင့် အခြားနေရာအချို့တွင် လုပ်ဆောင်ခဲ့ကြောင်း NIA က ထုတ်ပြန်ထားသည်။

အဆိုပါ လုပ်ငန်းစဉ်များတွင် အခက်အခဲ ဖြစ်ပွားမှုကို ရှောင်ရှားနိုင်ရန် နေရာအတိအကျနှင့် မည်သည့် အမှုဖြစ်သည်တို့ကို NIA က ဖော်ပြခြင်း မရှိခဲ့ပေ။

နိုဝင်ဘာ ၁၂ ရက်တွင် သံသယရှိသူ ၂ ဦးအား NIA က ဖမ်းဆီးခဲ့သည့် အကြမ်းဖက်မှုတွင် ပူးပေါင်း ကြံစည်မှုတစ်ခုနှင့် ဆက်နွှယ်နိုင်သည်ဟု အေဂျင်စီ၏ သတင်းရင်းမြစ်များက အရိပ်အမြွက်ပြောကြားခဲ့သည်။

အဆိုပါ ပူးပေါင်းကြံစည်မှုတွင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသအပြင် နယူးဒေလီကဲ့သို့ အခြားမြို့ကြီးများ၌ Lashkar-e-Taiba (LeT)၊ Jaish-e-Mohammed (JeM)၊ Hizbul Mujahideen (HM)၊ Al Badr နှင့် အခြားအဖွဲ့အစည်းများ၊ ခုခံရေးတပ်ဦး (TRF)နှင့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFF) ကဲ့သို့ ဆက်စပ်အဖွဲ့များမှ အဖွဲ့ဝင်များက လူကိုယ်တိုင်ဖြစ်စေ၊ ဆိုက်ဘာမှဖြစ်စေ အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်။

အဆိုပါ အကြမ်းဖက်သမားများနှင့် အဖွဲ့ဝင်များသည် အပြစ်မဲ့ အရပ်သားများနှင့် လုံခြုံရေးအရာရှိများကို သတ်ဖြတ်ခြင်းအပါအဝင် အကြမ်းဖက်မှုများကို လုပ်ဆောင်ခဲ့သဖြင့် ကက်ရှ်မီးယားတောင်ကြားဒေသကို အကြမ်းဖက်သမားတို့၏ ချယ်လှယ်သည့်နေရာ ဖြစ်စေခဲ့သည်။

အဆိုပါ အကြမ်းဖက်ဆက်နွှယ်မှုကို NIA က ယခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် မှတ်တမ်းတင်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများကို စတင်ခဲ့ပြီး ယခုအချိန်အထိ ဖမ်းဆီးထားသူ ၂၇ ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly