ဘင်္ဂလားဒေ့ရှ်၏ ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲစိတ်ဓာတ်က နှစ်နိုင်ငံ ဆက်ဆံရေးကို ဆက်လက်အားကောင်းနေဆဲဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ပြောကြား

ဘင်္ဂလားဒေ့ရှ်၏ ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲစိတ်ဓာတ်က နှစ်နိုင်ငံ ဆက်ဆံရေးကို ဆက်လက်အားကောင်းနေဆဲဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ပြောကြား

အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျနက်ဆင်းသည် နိုဝင်ဘာ ၂၂ ရက်က နယူးဒေလီမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အဆင့်မြင့်ကော်မရှင်ရုံး၌ ကျင်းပခဲ့သည့် ဘင်္ဂလားဒေ့ရှ်တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ကာ ၁၉၇၁ ခုနှစ် လွတ်မြောက်ရေး စစ်ပွဲစိတ်ဓာတ်ကို ပြန်ပြောင်း ပြောကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အဆင့်မြင့်ကော်မရှင်ရုံးတွင် ကျင်းပသည့် ဘင်္ဂလားဒေ့ရှ်တပ်မတော်နေ့ အထိမ်းအမှတ်ပွဲကို တက်ရေက်ခဲ့သည်။ မွတ်တီဘာဟီနီနှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးတိုက်ပွဲတွင် ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ခဲ့မှုများကို ပြန်လည်ပြောကြားခဲ့သည်။ ၁၉၇၁ ခုနှစ်က အဲဒီစိတ်ဓာတ်ဟာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို ဆက်လက်အားကောင်းစေမှာပါ” ဟု ဆင်းက ၎င်း၏ တွစ်တာတွင် ရေးသားခဲ့သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ဆက်ဆံရေးသည် အိန္ဒိယ၏ ‘အိမ်နီးချင်း ဦးစားပေး’ နှင့် ‘အရှေ့မျှော်မူဝါဒ’ လုပ်ငန်းစဉ်များတွင် အရေးကြီးသည့်အချက်ဖြစ်သည်။ ၂၀၂၁ ခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ပြည်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေရတု လွတ်လပ်ရေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထူထောင်သူနှင့် ပထမဆုံးသမ္မတဖြစ်ခဲ့သူ ဘန်ဂါဘန်ဓူရှိတ်ခ်မူဂျီဘာရာမန်၏ နှစ်၁၀၀ ပြည့် မွေးနေ့လည်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တပ်မတော်နေ့ကို နှစ်စဉ် နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပပြီး ယခုနှစ်၏ ထူးခြားမှုကြောင့် နယူးဒေလီမြို့ရှိ ဘင်္ဂလားဒေ့ရှ် အဆင့်မြင့် ကော်မရှင်ရုံးသို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး ကိုယ်တိုင် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

၁၉၇၁ ခုနှစ် စစ်ပွဲကာလက ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့၏ မစ်ထရိုဘာဟီနီဟု အမည်ပေးထားသော ပူးပေါင်းတပ်ဖွဲ့ကို ဒုတိယဗိုလ်ချုပ်ကြီး ဂျက်ဂျစ်ဆင်အော်ရိုရာ ဦးဆောင်ကွပ်ကဲခဲ့သည်။ အဆိုပါတပ်ဖွဲ့သည် ပါကစ္စတန်စစ်တပ် လက်နက်ချ၍ ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်မြောက်ရေးအတွက် အဓိကနေရာမှ ပါဝင်ခဲ့သည်။

နိုဝင်ဘာ ၂၁ ရက်သည် ၁၉၇၁ ခုနှစ် စစ်ပွဲကာလအတွင်း အိန္ဒိယစစ်တပ်က ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးတပ်ဖွဲ့များ၏ ပါဝင်ပံ့ပိုးမှုဖြင့် ပါကစ္စတန်၏ ထိုးစစ်ဆင်မှုများကို ရွတ်ရွတ်ချွံချွံ တွန်းလှန်ကာ စစ်ပွဲအတွင်း ပါကစ္စတန်တပ်များကို အသာစီးရခဲ့သည့် နေ့ဖြစ်သည်။

ပါကစ္စတန်တို့သည် အရှေ့ဘင်ဂေါတွင် ၁၉၇၁ ခုနှစ်၊ မတ်လအတွင်းက လူမျိုးတုန်းသတ်ဖြတ်မှုများကို စတင်လုပ်ဆောင်ခဲ့ရာတွင် ပါကစ္စတန်တပ်ဖွဲ့ကြောင့် ပြည်သူ ၃ သန်း သတ်ဖြတ်ခံခဲ့ရကာ အမျိုးသမီး ၂ သိန်းကျော် ရက်စက်စွာ ဗလက္ကာရ ပြုကျင့်ခံခဲ့ရသည်။ ပါကစ္စတန်တို့၏ ရက်စက်မှုကြောင့် အရှေ့ဘင်ဂေါမှ ပြည်သူ ၁၀ ကျော် အိန္ဒိယတွင် ဒုက္ခသည်အဖြစ် ခိုလှုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly