Volkswagen ၏ တရုတ်နိုင်ငံဆိုင်ရာ အကြီးအကဲ နိုင်ငံတွင်းမှ ထွက်ခွာမည်

Volkswagen ၏ တရုတ်နိုင်ငံဆိုင်ရာ အကြီးအကဲ နိုင်ငံတွင်းမှ ထွက်ခွာမည်

Volkswagen ၏ (VOWG_p.DE) တရုတ်နိုင်ငံဆိုင်ရာ အကြီးအကဲ စတီဖင်ဝိုလန်စတိန်းသည် တာဝန် များမှ အနားယူပြီး ဂျာမန် ကားထုတ်လုပ်ရေး လုပ်ငန်းအတွင်း သူ့အတွက် အလုပ်အကိုင်သစ် ရှာဖွေရန် ဆွေးနွေးမှုများ ရှိနေကြောင်း အဆိုပါ ကိစ္စနှင့် နီးစပ်သူတစ်ဦးက နိုဝင်ဘာ ၂၃ရက်က ရိုက်တာသတင်းဌာသို့ ပြောကြားခဲ့သည်။

Volkswagen သည် လျှပ်စစ်ကားသစ်အတွက် ပွဲဦးထွက်နှေးကွေးခြင်းမှသည် ကားတိုက်ခိုက်မှု စစ်ဆေး သည့် ဗီဒီယို တရုတ်အင်တာနက်တွင် ပျံ့နှံ့သွားပြီးနောက် ယင်း၏ Passat ဆီဒင်ကားများ ရောင်းချမှုကျဆင်းခြင်း အထိ ကမ္ဘာအကြီးဆုံး ကားဈေးကွက်တွင် အဆင်မပြေမှု အများအပြားကြုံတွေ့ခဲ့ရသည်။

"တရုတ်ကနေ သူထွက်ခွာပါလိမ့်မယ်။ ရက်အတိအကျကို မသတ်မှတ်ရသေးပါဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ဂျာမန်မဂ္ဂဇင်း Automobilwocheက စတီဖင် ဝိုလန်စတိန်းကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင် အစားထိုးမည်ဟူသော သတင်းကို ပထမဆုံးဖော်ပြခဲ့သည်။

ဝိုလန်စတိန်းနေရာကို အစားထိုးနိုင်မည့် ကိုယ်စားလှယ် သုံးလေးယောက်ရှိပြီး ကားထုတ်လုပ်သည့် ကုမ္ပဏီက မကြာခင် ကြေညာသင့်ကြောင်း Automobilwocheက ဆိုသည်။

Porsche၊ Audi၊ VW၊ Seat၊ Skoda၊ Lamborghini နှင့် Bentley အပါအဝင် အမှတ်တံဆိပ်များကို ပိုင်ဆိုင် သည့် ဥရောပ၏ အကြီးဆုံး မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီသည် ကုန်ကျစရိတ်များသော လျှပ်စစ်ကားပြောင်းလဲ ထုတ်လုပ်နိုင်ရေးအတွက် ရန်ပုံငွေ ထောက်ပံ့ရန်အတွက် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားဈေးကွက်ဖြစ်သော တရုတ်ပြည်ကို အားထားနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly