သမ္မတရှီ၏ တရုတ်နိုင်ငံ မည်သို့ဘက်သို့ ဦးတည်နေသနည်း

သမ္မတရှီ၏ တရုတ်နိုင်ငံ မည်သို့ဘက်သို့ ဦးတည်နေသနည်း

စီးပွားရေး တိုးတက်မှုနှင့်အတူ တရုတ်လူ့အဖွဲ့အစည်းသစ်ကို ကမ္ဘာပေါ်တွင် ပိုမိုပွင့်လင်း ရည်မှန်းချက်ကြီးပြီး ယုံကြည်ချက်ရှိသော လူ့အဖွဲ့အစည်းသစ်တစ်ရပ်အဖြစ် ဖန်တီးပေးလာခဲ့သည်။

တရုတ်ပြည်သူများသည် ဂုဏ်ယူမှုနှင့် ကျေနပ်မှု အတိုင်းအတာကြီးကြီးမားမားရှိခြင်းသည် သဘာဝကျ သော်လည်း တစ်ခါတစ်ရံတွင် ယုံကြည်မှုလွန်ကဲပြီး မောက်မာခြင်းသို့ ကူးပြောင်းသွားလေ့ရှိသည်။

အနောက်နိုင်ငံများက အနောက်နိုင်ငံများက သူတို့နိုင်ငံအပေါ် ဝေဖန်သည့်အခါ အထူးသဖြင့် အမေရိကန်က တရုတ်ကို ရှိရင်းစွဲ နေရာမှာ ဆက်ထားချင်နေတာပဲဖြစ်ဖြစ်၊ တိုင်းပြည်၏အဆင့်အတန်းကို မြန်မြန်ဆန်ဆန် တက်လာသည့် တရုတ်နိုင်ငံကို နိုင်ငံခြားသားများက မကျေမနပ်ဖြစ်နေကြသလားဟူ၍ တရုတ်ပြည်သူများက ကောင်းကောင်းကြီး တွေးမိနိုင်ပါသည်။

အဆိုပါ မေးခွန်းသည် မျှတမှုရှိသည်။ လက်ရှိစူပါပါဝါက နောက်လာမည့် စူပါပါဝါနိုင်ငံတစ်ခုကို နေရာပေးဖို့ဆိုသည်မှာ ခက်ပါသည်။

သို့သော် တရုတ်၏ တတိယတော်လှန်ရေးကြောင့် ပိုမိုခက်ခဲသည်မှာ သေချာလှပါသည်။ ယင်းအပြောင်းအလဲများကို သမ္မတ ရှီကျင့်ဖျင်က လုပ်ဆောင်ခဲ့ပါသည်။

ရှီက တရုတ်ပြည်တွင်းတွင် ပိုမိုဖိနှိပ်မှုဆီသို့ ဦးတည်နေခဲ့ပြီး လွတ်လပ်သောဈေးကွက်များအတွက် အခန်းကဏ္ဍ နည်းနည်းပဲပေးကာ နယ်ပယ်တိုင်းတွင် ကွန်မြူနစ်ဝါဒလွှမ်းမိုးရေးကို ပိုမိုတောင်းဆိုခဲ့ပါသည်။ ပြည်ပတွင်လည်း ပိုမိုပြင်းထန်သော မူဝါဒကိုလည်း ကျင့်သုံးခဲ့သည်။

တရုတ်ပြည်ကို တံခါးဖွင့်ပေးခဲ့သူကြီးဖြစ်သည့် တိန့်ရှောင်ဖိန်က တရုတ်အနေဖြင့် အင်အားကို ဖုံးကွယ်ထားပြီး အချိန်ကြသည်အထိ စောင့်ဆိုင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆယ်စုနှစ်အငယ်နည်းစောင့်ရမည်ဟု အကြံပြုခဲ့ခြင်းမဟုတ်ပါ။ တရုတ်သည် အလွန်ကြီးမားပြီး နယ်နိမိတ်အငြင်းပွားမှုများစွာရှိသော နိုင်ငံများစွာနှင့် နယ်နိမိတ်ချင်းထိစပ်နေသောကြောင့် ကမ္ဘာကြီးက စိတ်ချယုံကြည်ရန် လိုအပ်ကြောင်း တိန့်က နားလည်ခဲ့သည်။

ရှီသည် ယင်းပြန့်ကျဲနေသောနိုင်ငံကို ထိန်းချုပ်ပြီး သူဆန္ဒရှိသည့်လမ်းကြောင်းအတိုင်း တွန်းအားပေးနိုင်မည်လား။

ယခုအချိန်ထိတော့ တရုတ်ပြည်တွင်းမှာ အောင်မြင်နေပါသည်။ သို့သော် ယင်းသို့ လုပ်ဆောင်ခြင်းအားဖြင့် ရှီသည် သာမန်တရုတ်စုံတွဲများအတွက် ဘဝကို ပွင့်လင်းမြင်သာမှုနည်းစေပြီး သူတို့နိုင်ငံကို အထင်ကြီးလေးစားမှု နည်းပါးစေပါသည်။

ရှီသည် တရုတ်ကို ပြောင်းလဲခဲ့သော်လည်း ယင်းသည် တရုတ်ကို ပိုမိုအန္တရာယ်များသော နည်းလမ်းဖြင့် ကမ္ဘာ့ဇာတ်ခုံပေါ်သို့ ရောက်စေခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly