တရုတ်က Alibabaနှင့် Tencentကို လက်ဝါးကြီးအုပ်မှုများတိုက်ဖျက်ရေးဥပဒေချိုးဖောက်မှုအတွက် ဒဏ်ရိုက်

တရုတ်က Alibabaနှင့် Tencentကို လက်ဝါးကြီးအုပ်မှုများတိုက်ဖျက်ရေးဥပဒေချိုးဖောက်မှုအတွက် ဒဏ်ရိုက်

တရုတ် ပြိုင်ဆိုင်မှု စောင့်ကြည့်ရေးအဖွဲ့မှ စုစုပေါင်း ဒဏ်ငွေ ဒေါ်လာ ၃ ဒသမ ၄ သန်းပေးဆောင်ရန် အမိန့်ချခံထားရသည့် ကုမ္ပဏီများထဲတွင် Alibaba Group Holding Ltd.၊ Tencent Holdings Ltd. နှင့် Baidu Inc. တို့ ပါဝင်ပြီး ယင်းသည် တရုတ်အစိုးရ၏ လက်ဝါးကြီးအုပ်မှုများတိုက်ဖျက်ရေးဆောင်ရွက်နေစဉ် နောက်ဆုံးချမှတ်လိုက်သည့် ပြစ်ဒဏ်များဖြစ်သည်။

ကုမ္ပဏီများသည် လက်ဝါးကြီးအုပ်မှုများတိုက်ဖျက်ရေးဥပဒေချိုးဖောက်မှု ၄၃ မှုစီအတွက် ဒေါ်လာ ၇၈,ဝဝဝ ပေးဆောင်ရမည်ဖြစ်ကြောင်း ဈေးကွက်စည်းမျဉ်းထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတော်စီမံခန့်ခွဲမှုအဖွဲ့က နိုဝင်ဘာ ၂၀ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ဝါးကြီးအုပ်ရန် ရည်ရွယ်ချက်ဖြင့် အချက်အလက်များစုဆောင်းသည့် အင်တာနက်ကုမ္ပဏီများကို စောင့်ကြည့်ရန် ရည်ရွယ်ချက်ကို မတ်လတွင် သမ္မတရှီကျင့်ဖျင်က ကြေညာခဲ့ပြီး တရုတ်အစိုးရ သည် အထူးသဖြင့် ဒစ်ဂျစ်တယ်နယ်ပယ်တွင် ကြီးမားလှသော ပုဂ္ဂလိကကဏ္ဍအပေါ် လက်ဝါးကြီး အုပ်မှုများ တိုက်ဖျက်ရေးကို ပိုမိုအသုံးချနေသည်။

Alibabaသည် ဈေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစားလုပ်သည့်အတွက် ၂၀၂၁ခုနှစ်အစောပိုင်းတွင် ဒဏ်ငွေ ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ဒဏ်ရိုက်ခံခဲ့ရပြီး လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးစည်းမျဉ်းများကို ဖောက်ဖျက်သည့်အတွက် အောက်တိုဘာလက အစားအသောက်ပေးပို့သည့်ကုမ္ပဏီ Meituanက ဒေါ်လာ ၅၃၃ သန်း ဒဏ်ရိုက်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly