ဆားလင်းကြီးမြို့နယ်တွင် သစ်ခိုးထုတ်နေသော ကား ၂ စီး မိုင်းဆွဲခံရ

ဆားလင်းကြီးမြို့နယ်တွင် သစ်ခိုးထုတ်နေသော ကား ၂ စီး မိုင်းဆွဲခံရ

နိုဝင်ဘာ ၂၇

ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်း တစ်နေရာတွင် သစ်ခိုးထုတ်နေသော ကားနှစ်စီးကို ယနေ့ နိုဝင်ဘာလ ၂၇ ရက် နံနက် ၅ နာရီတွင် မိုင်းဆွဲ ဖျက်ဆီးလိုက်ကြောင်း Salingyi Special Task Force (SSTF) အဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ကျွန်တော်တို့ သူတို့ကို မလုပ်ဖို့ အရင်ကတည်းက သတိပေးထားတယ်။ အဲ့ဒါကို ဒီမနက်ပိုင်းမှာ ခိုးထုတ်နေတာ။ မိုင်းကတော့ သူတို့အတွက် ထောင်ထားတာတော့ မဟုတ်ဘူး။ သူတို့က အဲ့ဒီလို လုပ်တာနဲ့ တိုက်ဆိုင်သွားလို့ ဆွဲလိုက်တာ။ ပြီးတော့ သူတို့က စစ်ကောင်စီနဲ့ ပေါင်းပြီး လုပ်တာ။ ကားနှစ်စီးလုံး ကတော့ လုံးဝ ပျက်စီးသွားတယ်။ လူလည်း ထိလောက်တယ်"ဟု ၎င်းက ပြောသည်။

သစ်ခိုးထုတ်မှုများနှင့် ပတ်သက်၍ ယခင်အကြိမ်များက သတိပေး တားမြစ်ထားပြီး ဖြစ်သော်လည်း ထပ်မံ ဖြတ်သန်းနေသည့်အတွက် နမူနာ အနေဖြင့် ဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း SSTF က ထုတ်ပြန်ထားသည်။

အဆိုပါ ဖောက်ခွဲမှုကို ဆားလင်းကြီးမြို့နယ်ရှိ ညီနောင်မဟာမိတ်များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly