စေတနာမှန်လုပ်နည်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်မှသာ မြန်မာ ဂုဏ်သိက္ခာမြှင့်တင်နိုင်မည်ဟု သူရဦးရွှေမန်းက နှစ်သစ်ကူးအမှာစကားပါး

စေတနာမှန်လုပ်နည်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်မှသာ မြန်မာ ဂုဏ်သိက္ခာမြှင့်တင်နိုင်မည်ဟု သူရဦးရွှေမန်းက နှစ်သစ်ကူးအမှာစကားပါး

စေတနာမှန် လုပ်နည်းမှန်များဖြင့် ပူးပေါင်းဆောင်ရွက်မှသာ  မြန်မာ့ဂုဏ်သိက္ခာကို မြှင့်တင်နိုင်မည့် အတွက် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်စုနှင့်တစ်စု စေတနာတရားများ မှန်ကန်စွာ ထားရှိကြရန် လိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ (၃၁)ရက်နေ့ညပိုင်းတွင် နိုင်ငံပိုင် ရုပ်မြင်သံကြား မှ  ပြည်သူများသို့ ပြောကြားမည့် နှစ်သစ်ကူး ဆုတောင်းအမှာစကားကို သူ၏ လူမှုဝက်ဆိုဒ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။

"တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်စုနှင့်တစ်စု စေတနာမေတ္တာ၊ သံယောဇဉ်တရားများကို မှန်ကန်စွာ ထိန်းသိမ်း ထားရှိ နိုင်ကြပါစေ"ဟု ပြည်ထောင်စုလွှတ်တော်နာယကကြီးက သူ၏ လူမှုဝက်ဆိုဒ်တွင် ဖော်ပြခဲ့ ခြင်းဖြစ်သည်။

 ထို့ပြင် နာယကကြီးက သူ၏ ဆုတောင်းစကားတွင် "ယနေ့ကာလသည် ပြည်သူများ၏ဆန္ဒနှင့်အညီ အပြောင်း အလဲပြုလုပ်၍ အကောင်းများ ဖြစ်ပေါ်ရရှိရေးကို ပိုမိုမျှော်လင့် နိုင်ကြပြီဖြစ်သည်။ ယနေ့ကာလသည် ရရှိလာ သောအခွင့်အလမ်းကောင်းများကို အမိအရ အသုံးပြုရမည့် အချိန်လည်းဖြစ်သည်။ဤသို့ဖြင့် အမျိုးသား အ ချင်း ချင်း ပိုမိုပြန်လည်သင့်မြတ်ကြပြီး ထားရှိထိန်းသိမ်းသင့်သော မျိုးချစ်စိတ်ဓာတ်များ ရရှိလာမည် ဖြစ်ပါသည်"ဟု ဖော်ပြပါရှိသည်။

ပြည်သူတစ်ဦးချင်းစီအနေဖြင့်လည်း ရောက်ရာအရပ်တွင် ကျရာတာဝန်ကို ကိုယ်စီကိုယ်ငှ တာဝန်ကျေစွာ ပါဝင်ထမ်းရွက်ပြီး နိုင်ငံအတွက်၊ ပြည်သူ အတွက်၊ နိုင်ငံဂုဏ်သိက္ခာအတွက် မြှင့်တင်ဆောင်ရွက်နိုင်ကြပါစေ ဟုလည်း ဆန္ဒပြု ဆုတောင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly