တရုတ်က အမေရိကန်၏ အလှမ်းဝေးသော ကမ္ဘာ့ပြိုင်ဘက်ထက် အန္တရာယ်များသော ပြိုင်ဘက်ဖြစ်

By Business-standard
26 November 2021
တရုတ်က အမေရိကန်၏ အလှမ်းဝေးသော ကမ္ဘာ့ပြိုင်ဘက်ထက် အန္တရာယ်များသော ပြိုင်ဘက်ဖြစ်

အမေရိကန်နိုင်ငံ၏ လက်ရှိ အစိုးရက ယခင်သမ္မတဟောင်းဒေါ်နယ်ထရမ့်လက်ထက်ကအတိုင်း တရုတ်အစိုးရနှင့် ပတ်သက်သည့် တင်းမာသော မူဝါဒကို ဆက်လက် ကျင့်သုံးနေပြီး တရုတ်နှင့် တစ်နိုင်ငံချင်းပြိုင်ဆိုင်မှုအဖြစ်သို့ ပြောင်းလဲနေခြင်းကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ ပြေလျော့သွားခြင်းမရှိကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဘိုင်ဒင်အစိုးရက တရုတ်ကို အမေရိကန်၏ အလှမ်းဝေးသော ကမ္ဘာ့ပြိုင်ဘက်ထက် အန္တရာယ်များသော ပြိုင်ဘက်ဖြစ်ရှုမြင်ကြောင်း Hong Kong Post ၏ သဘောထားအမြင်ဆောင်းပါးတစ်ပုဒ်တွင် ရေးသား ထားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ပြီးခဲ့သည့် သီတင်းပတ်က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၁၅ ရက်က သုံးနာရီခွဲကြာ ဆွေးနွေးပွဲအတွင်း ချစ်ကြည်ရင်းနှီစွာ နှုတ်ခွန်းဆက်စကား ဖလှယ် ခဲ့ကြသော်လည်း လက်ရှိဖြစ်ပွား နေသော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာနိုင်ငံများ၏ သဘောထားကို ပြတ်ပြတ်သားသား ထုတ်ဖော် ပြောကြားခဲ့ကြသည်။

သမ္မတဘိုင်ဒင်က တရုတ်နှင့် တရုတ်အစိုးရကုန်သွယ်ရေးမူဝါဒ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

"သမ္မတဘိုင်ဒင်က ရှင်ကျန်း၊ တိဘက်နှင့် ဟောင်ကောင်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အပြုအမှုများအပြင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် စိုးရိမ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အမေရိကန် အလုပ်သမားများနှင့် စက်မှုလုပ်ငန်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရားမျှတမှုမရှိသော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်များမှ ကာကွယ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ရှင်းလင်းစွာ ဖော်ပြခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်အား အမေရိကန်ထောက်ပံ့ပေးနေသည့် ကိစ္စရပ်များနှင့် ကမ္ဘာပေါ်တွင် ကွဲလွဲမှုများကို ဖန်တီးပေးသည့် မဟာမိတ်အဖွဲ့များနှင့် အုပ်စုဖွဲ့ခြင်းများအကြောင်း ဆွေးနွေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly